သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှီးယား စစ်သွေးကြွတွေ အညံ့ခံဖို့ အီရတ် ဝန်ကြီးချုပ် ရာဇသံပေး


အီရတ်နိုင်ငံတောင်ပိုင်း ဘာဆာရာမြို့မှာ အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်နေတဲ့ ရှီးယားပြည်သူ့စစ်များအနေနဲ့ သုံးရက်အတွင်းလက်နက်ချကြပါ၊ လက်နက်မချရင်တော့ နောက်ဆက်တွဲဖြစ်ရပ်များနဲ့ရင်ဆိုင်ရမယ်လို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki ကသတိပေးလိုက်ပါပြီ၊

မနေ့ကစတင်ခဲ့တဲ့ ဧရာမစစ်ဆင်ရေးကြီၤးကို ဘာဆာရာမြို့ကြီးမှာ ကိုယ်တိုင်ကိုကျ သွားရောက်ကွပ်ကဲနေစဉ် ဝန်ကြီးချုပ် Maliki က အဲလိုရာဇသံပေးလိုက်တာပါ။ ဘာဆာရာမြို့မှာ ပြင်းပြင်းထန်ထန်တိုက်ကြလို့ လူ(၄၀)ထက်မနည်းသေဆုံးပြီးတော့ (၂၀၀)ကျော် ဒဏ်ရာရ သွားပါတယ်၊ မြို့တော် ဘက်ဂ္ဂဒက်ရဲ့ ဆာဒါမြို့နယ်မှာလည်းပဲ ဒီနေ့ထပ်မံတိုက်ခိုက်ကြလို့ လူ(၁၄)ယောက်ထက်မနည်းသေဆုံးပြီးတော့ (၁၀၀)ကျော် ဒဏ်ရာရသွားပါတယ်၊ လုံခြုံရေးတပ်တွေ ထူထူထပ်ထပ်ချထားတဲ့ Green zone မှာရှိတဲ့ အမေရိကန်သံရုံးကို မော်တာများ၊ ရော့ကတ်များနဲ့ပစ်ခတ်လို့ အမေရိကန် သုံးယောက်ထက်မနည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတယ်လို့လည်း သတင်းများမှာဖေါ်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG