သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေ အပြီး နိုင်ငံခြား သတင်းထောက်တွေ တိဘက်ကို ပထမအကြိမ် အကဲခတ်ခွင့်ရ


တိဘက်မြို့တော် လာဆာမြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲပြီးတဲ့ နောက်ပိုင်း နိုင်ငံခြား သတင်းထောက်တွေကို ဒီကနေ့ ပထမဆုံးနေ့အဖြစ် ဝင်ခွင့်ပြုလိုက်ပါတယ်၊ တရုတ်တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေ ဦးဆောင်ပြီးတော့ နိုင်ငံခြားသတင်းထောက်တွေကို တိဘက်မှာ လေ့လာဖို့ နှစ်ရက်ကြာ ခရီးစီစဉ် ပေးခဲ့တာ ဖြစ်ပါတယ်။ လာဆာမြို့မှာ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲတဲ့ နောက်ပိုင်း နိုင်ငံခြား သတင်းထောက်တွေ အားလုံးကို ဝင်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ မတ်လ(၁၀)ရက်နေ့ကစတင်ခဲ့တဲ့ တိဘက် သံဃာတော်တွေရဲ့ ဆန္ဒပြမှုကို တရုတ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် အနည်းဆုံးလူ(၁၄၀)ခန့်သေဆုံးခဲ့ရတယ်လို့ အဝေးရောက် တိဘက်အစိုးရက ပြောပါတယ်၊ တရုတ်အစိုးရကတော့ လူ(၂၀)ပဲသေဆုံးခဲ့တယ်လို့ပြောပါတယ်။

နှစ်(၅၀)ကျော်ကြာ တရုတ်ရဲ့ အုပ်စိုးမှု အောက်မှာနေခဲ့ကြရတဲ့ ပြည်သူတွေက တိဘက်ရဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာတွေမှာ တရုတ်ရဲ့ ဖိနှိပ်ချယ်လှယ် လွှမ်းမိုးတာတွေကြောင့် ဆန္ဒပြခဲ့ ကြတယ်လို့ ဆိုပါတယ်၊ တိဘက်ဆန္ဒပြခဲ့သူတွေထဲက (၆၀၀)ကျော် အညံ့ခံခဲ့တယ်လို့လည်း တရုတ် အာဏာပိုင်တွေက ပြောကြပါတယ်၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG