သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ်က မြန်မာ့အရေး ရတက်မအေးကြောင်း တရုတ်သမ္မတနှင့် ဆွေးနွေး


တိဘက်အရေးအခင်းအတွက် သူ ရတက်မအေး ဖြစ်ရတဲ့အကြောင်းကို အမေရိကန် သမ္မတ ဘုရှ်က တရုတ် သမ္မတ ဟူချင်ထောင်ကို ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော် ကြေညာချက်က သမ္မတ ဘုရှ်ဟာ တရုတ်အစိုးရကို ဒလိုင်းလားမား ဘုန်းတော်ကြီးနဲ့ တွေ့ဆုံဖို့ရာ အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကြေညာချက်မှာ သမ္မတ ဘုရှ်က သတင်းစာဆရာတွေနဲ့ သံတမန်တွေကို တိဘက်ကို သွားရောက်ဖို့ တရုတ်အစိုးရက ခွင့်ပြုဖို့ရန်ကိုလည်း အားပေးတိုက်တွန်းထားပါတယ်။

တိုင်ဝမ်မှာ မကြာခင်က ကျင်းပ ပြီးစီးသွားတဲ့ သမ္မတ ရွေးကောက်ပွဲ ကိစ္စ၊ မြောက်ကိုရီးယား ညူးကလီးယား အစီစဉ်ဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲနဲ့ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိတဲ့ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒခံယူပွဲများ အကြောင်းကို ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးတဲ့ အကြောင်း အိမ်ဖြူတော်က ပြောကြားပါတယ်။

ဒီမိုကရေစီ အဖွဲ့အစည်းများ ဒါမှမဟုတ် တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းများ ပါဝင်မှုမရှိဘဲ ပြုလုပ်မယ့် မြန်မာနိုင်ငံ ပြည်သူ့ဆန္ဒခံယူပွဲအတွက် သူ့အနေနဲ့ ရတက်မအေး ဖြစ်မိတဲ့အကြောင်းကို သမ္မတ ဘုရှ်က ထုတ်ဖော်ပြောကြားတယ်လို့ အိမ်ဖြူတော် ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG