သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် တိဘက်တွေ ဆန္ဒပြရင် နယ်နှင်မယ်လို့ နီပေါရဲတပ်ဖွဲ့ သတိပေး


နီပေါနိုင်ငံ ခတ်ဒမန်ဒူမြို့တော်မှာ ပြည်ပ
ရောက် တိဘက်ဒုက္ခသည်တွေအနေနဲ့ ဆန္ဒ
ပြမယ်ဆိုရင် ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာကို
ခံရလိမ့်မယ်လို့ နီပေါရဲတပ်ဖွဲ့က ပြောဆိုထား
ပါတယ်။

နီပေါအာဏာပိုင်တွေဟာ ဆန္ဒပြသူတွေ
အပေါ် ပိုပြီး ဖိအားတွေပေးနေတယ်လို့ တိဘက်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို
ပြောပါတယ်။ ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးပြီး
နယ်ခြားက တရုတ်ရဲတွေရဲ့လက်ထဲကို လွှဲပြောင်းပေးမယ်လို့လည်း ပြောပါတယ်။

ရဲတွေက မြို့ထဲမှာသွားလာနေတဲ့ တိဘက်တွေနဲ့ တိဘက်ဘုန်းတော်ကြီးတွေကို ဆန္ဒပြ
ပွဲမှာ မပါပေမယ့်လည်း ဖမ်းဆီးနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး
အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ပြည်ပရောက် တိဘက်တွေဟာ နီပေါနိုင်ငံ ခတ်ဒမန်ဒူ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးနားမှာ နေ့စဉ်နီးပါး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြဖို့ ကြိုးစား
ခဲ့ကြပါတယ်။

နီပေါရဲတွေက လူအုပ်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက် လူစုခွဲခဲ့သလို ရာနဲ့ချီတဲ့ တိဘက်လူမျိုးတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG