သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်က နိုင်ငံခြား သံတမန်တွေကို လာဆာမြို့ကို ခေါ်ပြ


မကြာသေးခင်က တရုတ်အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ တိဘက် ဒေသ မြို့တော် လာဆာသို့ တရုတ်အစိုးရ ခွင့်ပြုချက်နဲ့ အမေရိကန် အပါအဝင် နိုင်ငံ တစ်ဒါဇင်ကျော်က သံတမန်များ ဒီကနေ့ သွားရောက် ကြည့်ကြပါတယ်။

လာဆာသို့ အဲဒီခရီးမှာ အစီအစဉ်တွေ ပြွတ်သိပ်ထားတယ်၊ ပါဝင်တဲ့ သံတမန်တွေကို အလွတ်မပေးဘဲ တရုတ်အစိုးရ တာဝန်ခံတွေက မျက်ခြေမပျက် စောင့်ကြည့်နေကြတယ်။ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ အစိုးရ တာဝန်ခံများ မပါဘဲ ဘယ်ဒေသခံနဲ့မှ စကားပြောခွင့်လည်း မရဘူးလို့ ဘေဂျင်းရှိ အမေရိကန် သံရုံးရဲ့ ကြေညာချက်ထဲမှာ ရှင်းလင်းဖော်ပြထားပါတယ်။

အဲဒီခရီးထဲမှာ လိုက်ပါသွားတဲ့ အမေရိကန်သံတမန်က တရုတ်နိုင်ငံသား အားလုံး သူတို့ရဲ့ နိုင်ငံရေးနဲ့ ဘာသာရေး အမြင်များ ငြိမ်းချမ်းစွာ ဖော်ထုတ်နိုင်တဲ့ အခြေခံ အခွင့်အရေးကို လေးစားဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံပြီး သူတို့နဲ့ စကားဆိုဖို့ တရုတ်အစိုးရ အရာရှိများအား တိုက်တွန်းခဲ့ပါတယ်။

တရုတ်အစိုးရက အလားတူ ကြီးကြပ်ပြီးတော့ နိုင်ငံခြားသား သတင်းစာ ဆရာများအား တိဘက်ဒေသကို ခေါ်ဆောင်သွားတုန်း ဂျောင်ဟိုင်း ဘုရားကျောင်းမှာ တိဘက်သံဃာ အပါး ၃၀ ထွက်လာကာ သူတို့မှာ ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးလို့ ပြောဆိုလိုက်တာနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး နောက် ၂ ရက်အကြာမှာ အခုလို သံတမန်များ အဲဒီဒေသကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG