သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာမဲခေါင် ဒေသ ထိပ်သီး အစည်းအဝေးစပြီ


မဲခေါင်မြစ်ပေါ်မှာ ရှိတဲ့ ၆နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို လောနိုင်ငံမှာ ကျင်းပနေပါတယ်။ အိမ်ရှင်လောအပြင် ကမ္ဘောဒီးယား တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က ခေါင်းဆောင်များ လောနိုင်ငံမြို့တော်မှာ ဗီယန်ကျင်းမှာ တွေ့ဆုံကြပြီး ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးကြပါတယ်။

မဟာမဲခေါင်ဒေသ တတိယအကြိမ် ထိပ်သီးစည်းဝေးပွဲကို အာရှဖွံ့ဖြိုးမှု ဘဏ်ကလည်း ပူးတွဲ ကမကထ ပြုလုပ်တယ်လို့ဆိုပါတယ်။ ၁၉၉၂ခုနှစ်မှာ ထူထောင်ခဲ့တဲ့ အဲဒီ ခြောက်နိုင်ငံ အုပ်စုက ဒေသတွင်း စီးပွါးရေး ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေးတို့ကို ဆွေးနွေးကြောင်း၊ မြန်မာစစ်အစိုးရ၀န် ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် ဗီယန်ကျင်းမြို့ကို မနေ့က ရောက်ရှိကြောင်း သတင်းများမှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG