သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အိန္ဒိယ ခရီးစဉ်အတွင်း ကုလားတန်စီမံကိန်း လက်မှတ်ထိုးမည်


မြန်မာနိုင်ငံမှာ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မကြာခင်မှာ အိန္ဒိယသို့ အလည်သွားမယ်လို့ စစ်အစိုးရက အတည်ပြု ကြေညာပါတယ်။ အိန္ဒိယနိုင်ငံ ဒုတိယ သမ္မတ မိုဟာမတ် ဟာမစ် အန်စာရီရဲ့ ဖိတ်ကြားချက်အရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဇနီး မြမြသန်းတို့ အိန္ဒိယ နိုင်ငံသို့ မကြာခင် အလည်သွားမယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားပေမယ့်လို့ သွားမယ့်ရက်ကိုတော့ မဖော်ပြပါဘူး။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များဆွေးနွေးဖို့ အိန္ဒိယ နိုင်ငံကို ဧပြီလ ၄ရက်မှာ ရောက်ရှိလာလိမ့်မယ်လို့ ဒီလဆန်းမှာ ကတည်းက အိန္ဒိယ အစိုးရ တာဝန်ခံများက ပြောကြားခဲ့ပြီးသားပါ။ အမေရိကန် ဒေါ်လာ သန်းတရာ ကုလားတန် ဘက်စုံ လုပ်ငန်း အပြီးသတ် သဘောတူညီချက် အတွက် အဲဒီ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးဖွယ်ရှိတယ်။ စစ်တွေ ဆိပ်ကမ်းတိုးတက် ကောင်းမွန်အောင်လုပ်ဆောင်သွားဖို့ ဖြစ်တယ်။ အဲဒီကနေတဆင့် အိန္ဒိယနိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်သွယ်ရေး လမ်းသစ်ပွင့်သွာစေဖို့ စသဖြင့် အိန္ဒိယ နိုင်ငံကလာတဲ့ သတင်းများမှာ ရှင်းလင်းဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG