နေတိုးထိပ်သီးညီလာခံ တက်ရောက်ဖို့နဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ မဟာမိတ်များ စစ်ရေး
အရ ပိုမိုထောက်ခံရေး တွန်းအားပေးဖို့ သမ္မတ
ဘုရှ် (Bush) ဥရောပကို ထွက်ခွာသွားပါပြီ။
ဒီသီတင်းပတ်ထဲမှာပဲ နေတိုးအဖွဲ့တိုးချဲ့ရေး၊
ဥရောပမှာ အမေရိကန်ရဲ့ ဒုံးကာကွယ်ရေးစနစ်
ဒိုင်းကြီး တည်ဆောက်ရေး ရုရှသမ္မတ ဗလာ
ဒီမာပူတင် (Vladimir Putin) နဲ့လည်း သမ္မတ
ဘုရှ် ဆွေးနွေးပါလိမ့်မယ်။
ဗုဒ္ဓဟူးနေ့ ရိုမေးနီးယားမှာ နေတိုးထိပ်သီး
ညီလာခံမဖွင့်ခင် ယူကရိန်းနဲ့ ဂျော်ဂျီယာနိုင်ငံတို့
နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့ကိစ္စ ယူကရိန်းကိုဝင်ရောက်ပြီး ယူကရိန်းသမ္မတ
ဗစ်တာ ယူရှင်ကို (Viktor Yushchenko) နဲ့ ဆွေးနွေးဖို့ရှိပါတယ်။
ဆိုဗီယက်ပြည်နယ်ဟောင်းများဖြစ်တဲ့ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ နေတိုးအဖွဲ့ဝင်များ
အဖြစ် လျှောက်ထားတာကို မော်စကိုကဆန့်ကျင်ပြီး သမ္မတပူတင်ရော၊ မေလမှာ
သမ္မတဖြစ်လာမယ့် ဒီမစ်ထရီ မက်ဗီဒက် (Dmitry Medvedev) တို့က ဥရောပ
လုံခြုံရေးကို အန္တရာယ်ပြုနိုင်တယ်လို့ ဆိုထားကြပါတယ်။