အခြေခံဥပဒေတရပ်ကို အတည်ပြုပေးဖို့ မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ရှိတဲ့ လူထု
ဆန္ဒခံယူပွဲကို ထောက်ခံအားပေးတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွေ မကြာခင်
ထွက်ပေါ်လာမှာ ဖြစ်တာကြောင့် ဒါတွေကို အားပေးကြည့်ရှုတာတွေ မလုပ်ဖို့ လှုံ့ဆော်
မှုတွေလည်း တချိန်တည်း ထွက်ပေါ်လာနေပါတယ်။ ရန်ကုန်မြို့ နေရာတချို့မှာ
လုပ်ဆောင်ခဲ့တဲ့ ဒီလှုံ့ဆော်မှုတွေနဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။
မေလထဲကြရင် လူထုဆန္ဒခံယူပွဲကျင်းပပြီး အခြေခံဥပဒေကို အတည်ပြုမယ့်ကိစ္စအပေါ်
ဝေဖန်ပြစ်တင်မှုတွေ ရှိနေချိန်မှာပဲ မြန်မာစစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို
အားပေးထောက်ခံတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွေကို အစိုးရရုပ်သံလွှင့်ဌာနတွေက
နေ ထုတ်လွှင့်ဖို့ အစီအစဉ်တွေ ရှိနေတာပါ။ ဒီလို အစိုးရရဲ့အာဘော် ရုပ်သံဇာတ်လမ်း
တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒါတွေကို ထုတ်လွှင့်တဲ့အခါ မကြည့်ရှုကြဖို့ဆိုပြီး ဒီမိုကရေ
စီရေး လှုပ်ရှားသူတွေက လှုံ့ဆော်လိုက်ကြတာပါ။ ရန်ကုန်မြို့က ရုပ်ရှင်လောကသား
တဦးက သူတွေ့ရှိခဲ့တဲ့ ဒီလှုံ့ဆော်စာတွေနဲ့ ပတ်သက်လို့ အခုလို ပြောပြခဲ့ပါတယ်။
“ဒီနေ့ ရန်ကုန်မြို့မှာ လက်ဆင့်ကမ်းစာတွေ ဝေတာတွေ့တယ်၊ ရုပ်ရှင်ရုံတွေမှာ။ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ပေါ်လစီကားတွေ ရိုက်နေတယ်။ အဲဒီကားတွေ
ထွက်ရင် ပြည်သူလူထုတွေ မကြည့်ဖို့ဆိုပြီး ရုပ်ရှင်ရုံနားတွေ၊ ၃၅ လမ်း၊ ၃၆ လမ်း၊ ပန်းဆိုးတန်းထိပ်တွေမှာ၊ ဒါရိုက်တာမောင်တင်ဦးနဲ့ ဇော်ဝမ်းနဲ့ ရုပ်ရှင်သင်တန်းသား
တွေ ရိုက်တဲ့ကားတွေ မကြည့်ဖို့။ ရုပ်မြင်သံကြားဇာတ်လမ်း အနေနဲ့ထွက်မယ်။ မြဝတီ
တို့ မြန်မာ့အသံတို့က ပြမယ်။ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်လည်းရိုက်တယ်။ နောက် ရိုက်ဖို့ဒါရိုက်တာတွေလည်း ရှိပါသေးတယ်တဲ့။ မောင်မောင်ဦး (စနိုးဝှိုက်)၊ ညီညီထွန်း
လွင်၊ နောင်ထွန်းလွင်၊ မီးပွား။ ကျန်တဲ့သုံးယောက်ကတော့ မရိုက်ရသေးဘူး၊ စီစဉ်နေ
တုန်းတဲ့။ ပြည်သူတွေသိအောင် ဒီကားတွေထွက်လာရင် ပြည်သူတွေမကြည့်ဖို့၊ မင်းသားမင်းသမီးတွေအနေနဲ့လည်း ပြည်သူတွေကျွေးတဲ့ထမင်းကိုစားပြီး ကျေးဇူး ရှင်တွေကိုပြန်ပြီးတော့ ဒီလိုကားတွေမရိုက်ဖို့၊ အဲဒါတွေပါတယ်။”
အခုလို လှုံ့ဆော်မှုတွေ ပေါ်လာရတာဟာလည်း မြန်မာစစ်အစိုးရကို အားပေးထောက်ခံ
တဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတချို့ မကြာသေးခင်ကဘဲ ရိုက်ကူးခဲ့သလို နောက်ထပ်
ရိုက်ကူးဖို့ အစီအစဉ်တွေကလည်း ရှိနေတာမို့ အခုလိုတိုက်တွန်းရတာဖြစ်တယ်လို့
ဒီဖြန့်ဝေခဲ့တဲ့ လှုံ့ဆော်စာတွေမှာ ဖော်ပြထားတယ်လို့လည်း သူက ဆိုပါတယ်။
“ဒါရိုက်တာမောင်တင်ဦးက ဇော်ဝမ်းနဲ့ ရုပ်ရှင်သင်တန်းသားတွေနဲ့ရိုက်တယ်။ ဇာတ်လမ်းသဘောကတော့ ရွာတရွာမှာ လူကြီးမရှိလို့ ရှာကြတော့ နောက်ဆုံး ရွာ ကောင်းကျိုးသယ်ပိုးနေတဲ့ စစ်ပြန်ကြီးတယောက်ရှိတယ်ပေါ့။ အဲဒီစစ်ပြန်ကြီးကို ခေါင်းဆောင်တင်လိုက်တာပေါ့။ စစ်ပြန်ကြီးနေရာမှာ ဇော်ဝမ်းက သရုပ်ဆောင်တယ်။
အဲတော့ ဒီကားတွေပြရင် ပြည်သူတွေအနေနဲ့ မကြည့်ဖို့ပေ့ါ။”
မြန်မာစစ်အစိုးရ ရုပ်မြင်သံကြားက ထုတ်လွှင့်ဖို့ရှိတဲ့ အစိုးရအာဘော် ရုပ်သံဇာတ်လမ်း
တွေကို မကြည့်ကြဖို့ ရန်ကုန်မြို့ နေရာတချို့မှာ လှုံ့ဆော်မှုတွေရှိခဲ့တဲ့အကြောင်း ရုပ်ရှင် လောကသားတဦးက ပြောပြခဲ့တာပါ။
မြန်မာစစ်အစိုးရကတော့ မေလထဲမှာ လူထုဆန္ဒခံယူပွဲတွေ လုပ်မယ်ဆိုပြီး ကြေညာ လိုက်ပြီးတဲ့နောက် ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေတရပ်ကိုလည်း နောက်ဆက်တွဲ ထုတ်ပြန်
ခဲ့တာဖြစ်ပြီး ဒါကို ကဖျက်ယဖျက် လုပ်မယ်ဆိုရင်တော့ ထောင်ဒဏ်၊ ငွေဒဏ် အပြစ်
ပေးတာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။