သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ ဂျော်ဂျီယာ နေတိုးအဖွဲ့ဝင်ဖြစ်ရေး သမ္မတဘုရှ် ထောက်ခံ


ယူကရိန်းနဲ့ ဂျော်ဂျီယာ နှစ်နိုင်ငံ နေတိုး
အဖွဲ့ဝင်ဖြစ်ရေးအတွက် အမေရိကန်
ပြည်ထောင်စုက ဦးဆောင်ဦးရွက်ပြုနေ
တာကို သူ အခိုင်အမာ ထောက်ခံတယ်လို့
သမ္မတဘုရှ် (Bush) က ထပ်လောင်းပြောဆို
လိုက်ပါတယ်။

ဥရောပ လေးနိုင်ငံ ခရီးထွက်နေတဲ့ သမ္မတ
ဘုရှ်ဟာ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို
ရောက်ရှိနေစဉ် ယူကရိန်းသမ္မတ ဗစ်တာ
ယူရှင်ကို (Viktor Yushchenko) နဲ့ ဒီနေ့
တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နေတိုး
အဖွဲ့ရဲ့ နိုင်ငံတကာ စစ်ဆင်ရေးတွေမှာ
ယူကရိန်းနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးလိုက်တာပါ။

နေတိုးအဖွဲ့ကိုတိုးချဲ့တာဟာ ရုရှားနိုင်ငံကိုဆန့်ကျင်ဖို့ ရည်ရွယ်တာမဟုတ်ဘူးဆိုတဲ့ ကနဦးဖော်ပြချက်ကို သမ္မတနှစ်ဦး ထပ်မံပြောဆိုလိုက်ပြီး ဘူခါရက်စ်မြို့မှာကျင်းပ
မယ့် နေတိုးထိပ်သီး အစည်းအဝေးမှာ ရုရှားနိုင်ငံအနေနဲ့ ဗီတိုအာဏာသုံး ပယ်ချလို့
မရဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေကတော့ ယူကရိန်းနဲ့ ဂျော်ဂျီယာနိုင်ငံတွေအနေနဲ့ နေတိုး
အဖွဲ့ဝင်ဖြစ်ဖို့ အဆင်သင့်အနေအထားမှာ ရှိရဲ့လားဆိုတာကို သံသယရှိဆဲပဲလို့
လေးလေးနက်နက် ပြောဆိုနေကြပါတယ်။

ရုရှားနိုင်ငံကတော့ နေတိုးအဖွဲ့ကိုတိုးချဲ့မယ့် ဘယ်လိုအစီအစဉ်မျိုးကိုမဆို ကန့်ကွက် နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG