သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွား


ဇင်ဘာဘွေ အထွေထွေရွေးကောက်ပွဲမှာ အနိုင်
ရတယ်ဆိုပြီး အဓိက အတိုက်အခံပါတီက
ကြေညာပေမယ့် သူတို့နဲ့ အာဏာရပါတီဟာ သူတင်ကိုယ်တင်ဖြစ်နေတယ်လို့ ရွေးကောက်ပွဲ
ကော်မရှင်က ပြောပါတယ်။

စနေနေ့ မဲပေးပွဲရဲ့ရလဒ်တွေ ခပ်နှေးနှေးပဲ
ထွက်လာနေရာမှာ နောက်ဆုံးရေတွက်မှုအရ
အာဏာရ Zanu-PF ပါတီနဲ့ အတိုက်အခံ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုပါတီ
(MDC) တို့ဟာ လွှတ်တော်အမတ်နေရာ ၂၆
နေရာစီ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲ
တာဝန်ရှိသူတွေက ပြောပါတယ်။ လွှတ်တော်အမတ်နေရာ စုစုပေါင်း ၂၁၀ အတွက် ယှဉ်ပြိုင်နေကြတာပါ။

MDC က အဲဒီရလဒ်တွေကို ငြင်းချက်ထုတ်ပြီး သူတို့ပါတီရဲ့ ရေတွက်မှုတွေအရ ရလဒ်
တွေ ကြေညာပြီးခဲ့တဲ့ မဲဆန္ဒနယ် ၁၂၈ ခုမှာ သူတို့ပါတီက ၉၆ နေရာ အနိုင်ရထား
တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG