နေတိုးအဖွဲ့ချုပ်အနေနဲ့ အရှေ့ဘက်ဆီကိုတိုးချဲ့ဖို့နဲ့ အာဖဂန်နစ္စတန်နိုင်ငံက စစ်ဆင် ရေးမှာ တပ်ဖွဲ့များ တိုးပြီးတော့စေလွှတ်ဖို့ သမ္မတဘုရှ်က တိုက်တွန်း လိုက်ပါ တယ်။ ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်၊ နေတိုးထိပ်သီး အစည်းအဝေး အပြီး ပြောကြားရာ ယူကရိန်းနဲ့ ဂျော်ဂျီယာနိုင်ငံတို့ နေတိုးအဖွဲ့ဝင်များ အဖြစ် လက်ခံသင့်တဲ့ အကြောင်း၊ ဒီမိုကရေစီကျင့်သုံးတဲ့ အရှေ့ဥရောပနိုင်ငံ များအတွက် နေတိုးက တခါးဖွင့်ထားသင့်တဲ့ အကြောင်း အလေးထားပြောဆိုပါတယ်၊ ဆိုဗီယက်ပြည်နယ်ဟောင်းနှစ်ခုဖြစ်ကြတဲ့ အဲဒီ ယူကရိန်းနဲ့ဂျော်ဂျီယာနိုင်ငံတို့ နေတိုးအဖွဲ့ ၀င်များအဖြစ်လျှောက်ထားကြပြီးတော့ နေတိုးအဖွဲ့ကြီးကို အရှေ့ဘက်ဆီကို တိုးချဲ့လာတာ အန္တရာယ်လို့ ရုရှားနိုင်ငံက ဆိုထားပါတယ်၊ ဥရောပအလယ်ပိုင်းမှာ အမေရိကန်တို့ရဲ့ ဒုံကာ ကွယ်ရေးစနစ်စီမံချက် ရုရှားကစွန့်လွှတ်ဖို့ကိုလည်း သမ္မတဘုရှ်က ရုရှားကိုတိုက်တွန်း သွားပါတယ်။