သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲ အကဲခတ်အဖွဲ့ထားရန် လူ့ဘောင်သစ် အကြံပြု


စစ်အစိုးရလုပ်မယ့် ဖွဲ့စည်းပုံဆန္ဒခံယူပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို သမာ
သမတ်ရှိပြီး ပြည်သူအများယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းဖို့ လိုအပ်တယ်
ဆိုပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားထုတ်ပြန်ပါတယ်။ လာမယ့် ဆန္ဒခံယူပွဲအတွင်း မဲကလိမ်ကျတာတွေ၊ လိမ်ညာမှုတွေကို ကမ္ဘာသိအောင် ဖော်ထုတ်
နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆန္ဒခံယူပွဲအတွက် အခုကတည်းက လိမ်ညာတာတွေ၊ ဖိအားပေးတာတွေ၊ အကြမ်း
ဖက်တာတွေကို အာဏာပိုင်တွေဘက်က ကျူးလွန်နေပြီလို့ အချက်အလက်တွေနဲ့
တကွ ဖော်ပြထားရင်းနဲ့ အခုလာမယ့် ဆန္ဒခံယူပွဲဟာ တရားမျှတမှုရှိမှာမဟုတ်ဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း ဒီလိုလိမ်ညာမှုတွေ၊ ခြိမ်းခြောက်ဖိအားပေးတာတွေနဲ့ မဲကလိမ်ကျ
တာတွေကို ဖော်ထုတ်နိုင်အောင်လို့ အခုလို ဆန္ဒခံယူပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့
တွေ ဖွဲ့သွားဖို့ ပန်ကြားချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို လူထုက ကိုးစားယုံကြည်တဲ့ သမာသမတ်ရှိတဲ့
ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းနိုင်ဖို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ဦးဆောင်မှုပေးပါလို့လည်း လူ့ဘောင်သစ်ပါတီက ပန်ကြားခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ပတ်သက်လို့ လူ့ဘောင်
သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုခင်မောင်တင့်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

အခုလိုမျိုး ၀ါရင့်နိုင်ငံရေးသမားကြီးတွေအနေနဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ဦးဆောင်ပြီးတော့ ဖွဲ့စည်းသင့်တယ်ဆိုတဲ့ အယူအဆ ကိုခင်မောင်တင့်တို့ ဘယ်လို
သဘောနဲ့ စဉ်းစားမိတာပါလဲ။

“သူတို့ အခုချပြမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈ ဆိုတာကို တူတူတန်တန်၊ တည်တည်ကြည်ကြည် ချပြတယ်လို့ ကျနော်တို့ တခါမှ မကြားဖူးသေးဘူး။ သူတို့ဘက်
က တရားဝင်ပြောတယ်ဆိုတာ။ ဒါလည်း ညစ်နည်းတမျိုးပါ။ ဒီအခြေခံဥပဒေကို
ရေးဆွဲတာကလည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမပါဘဲ သူတို့ တဖက်သတ် စိတ်ကြိုက်ရေးဆွဲထားခဲ့တဲ့
အခြေခံမူတွေနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ပြည်သူတွေအနေနဲ့
ပြည်သူတွေယုံကြည်ကိုးစားတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဦးတည်ချက်ထားပြီး၊ ဦးဆောင်
ဦးရွက်ပြုပြီး ဆန္ဒခံယူပွဲမှာ သူတို့ရဲ့ ညစ်ပတ်မှုတွေ၊ ဖိနှိပ်ကြမ်းတမ်းမှုတွေ ဖော်ထုတ်
နိုင်ဖို့အတွက် ဒီလိုလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ ဖြစ်ပေါ်လာပါတယ်။”

ဒါပေမယ့် စစ်အစိုးရအနေနဲ့က ကုလသမဂ္ဂကနေ ဆန္ဒခံယူပွဲ လေ့လာစောင့်ကြည့်ရေး
အဖွဲ့တွေ လွှတ်ပေးမယ်ဆိုတာတောင်မှ ပယ်ချခဲ့တာဆိုတော့ အခု စစ်အာဏာပိုင်တွေ
နဲ့မဆိုင်ဘဲ သီးခြားလွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ဖို့ဆိုတာရော
တကယ်တမ်း ဖြစ်နိုင်ပါ့မလား။

“လွတ်လွတ်လပ်လပ်လုပ်ဖို့ဆိုတာကတော့ စစ်အစိုးရလက်အောက်မှာ ဘာမှ လွတ်လွတ်လပ်လပ်မရှိပါဘူး။ သူတို့ကိုဖားတဲ့၊ သူတို့ကို အကျိုးပြုမယ့် လူတွေသာလျှင် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရှိတယ်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရှိတယ်။
ကျနော်တို့က ကျနော်တို့ပြည်သူတွေကို အကျိုးပြုမယ့်၊ ကျနော်တို့ပြည်သူတွေကလည်း
လေးစားတဲ့၊ ယုံကြည်တဲ့၊ သမိုင်းအစဉ်အလာရှိတဲ့ ဒီပုဂ္ဂိုလ်ကြီးတွေက ဦးဆောင်ဦးရွက်
ပြုပါလို့ ပန်ကြားတာဖြစ်တယ်။ သူတို့တတွေသာ ဦးဆောင်လုပ်မယ်ဆိုရင် နအဖ
မတားရဲဘူးလို့ ကျနော်တို့ယူဆတယ်။ တားတယ်၊ နှောင့်ယှက်တယ်၊ ဖိနှိပ်တယ်ဆိုရင်
သူ့ဘက်က ကမ်းကုန်သွားပါပြီ။

“ကျနော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု၊ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုမှာ အစဉ်အလာရှိတဲ့ပုဂ္ဂိုလ်ကြီးတွေ၊ တိုင်းပြည်ကလေးစားတဲ့ ပုဂ္ဂိုလ်ကြီးတွေကသာ
ရှေ့ကနေ မားမားမတ်မတ်ရပ်ရင် အာမခံဝံ့ဘူးလို့ ကျနော်တို့ယူဆတယ်။ တရားမျှတ
လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ ပန်ကြားတာမဟုတ်ပါဘူး။ ညစ်ပတ်မှုတွေ ဘယ်လောက်ထိတောင် ရှိတယ်ဆိုတာကို ကမ္ဘာနဲ့ ကျနော်တို့ပြည်သူလူထုတွေက ပိုပြီး ပွင့်ကျသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီဟာကို ဆောင်ရွက်တာပါ။”
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုခင်မောင်တင့် ဖြစ်ပါ
တယ်။

အခုလို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပန်ကြားချက်နဲ့ပတ်သက်လို့ ၀ါရင့်နိုင်ငံရေး သမားကြီးတဦးဖြစ်တဲ့ သခင်ချန်ထွန်းကို ဆက်သွယ်မေးမြန်းတော့ သူတို့အနေနဲ့ လူကြီးပိုင်းသက်သက် အစုအဖွဲ့ဖြစ်တာကြောင့် ဒီသဘောထားရှိလာကြရင် ဘယ်လို လုပ်သင့်သလဲဆိုတာကို သူတို့အတွင်းမှာ သီးခြားဆွေးနွေးရဦးမယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လို့ လာမယ့်ဆန္ဒခံယူပွဲအတွက် ပြည်တွင်းရော ပြည်ပကပါ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေ ထားဖို့ဆိုတာတော့ လိုအပ်ချက်တခုလို မြင်တယ်လို့ သူ့ရဲ့
သဘောထားကို သခင်ချန်ထွန်းက အခုလိုပြောပါတယ်။

“လက်ရှိအခြေအနေအရဆိုရင် ကုလသမဂ္ဂက လာပြီးတော့ စောင့်ကြည့်ဖို့၊ နိုင်ငံရေး
ပါတီတွေက သူတို့ကြည့်နိုင်တဲ့၊ သို့မဟုတ် ဒီက ၀ါသနာပါပြီးတော့ တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်ရေး စေတနာရှိတဲ့လူတွေအနေနဲ့ ကြည့်ဖို့ ပြုဖို့ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေအရက ၁၉၇၄ အခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
ပါတီရဲ့ ဟာမျိုးလည်းမဟုတ်ဘူး။ အခုဟာက စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ
စနစ်ကို ကူးရမယ့်ကိစ္စ။ အဲတော့ ဒါ ဘယ်လောက်ထိတောင် ဒီမိုကရေစီအခွင့်အရေး
တွေ ရနေလဲ၊ မဲပေးကြတာတွေက တရားမျှတမှုရှိရဲ့လားဆိုတာ လူတွေကိုပြနိုင်အောင် အစိုးရအနေနဲ့လည်း ခွင့်ပြုဖို့ကောင်းတယ်။ ကျန်တဲ့လူတွေကလည်း ကြည့်နိုင်ဖို့
အတွက် ထောက်ခံဖို့ကောင်းတယ်။ အထူးသဖြင့် ကုလသမဂ္ဂကရော၊ မီဒီယာလောက
ရော၊ သဘောကတော့ ဒါပါပဲ။”

လာမယ့်ဖွဲ့စည်းပုံဆန္ဒခံယူပွဲအတွက် ဆန္ဒခံယူပွဲကော်မရှင်ကို တရားသူကြီးချုပ်
ဦးအောင်တိုးက ဦးဆောင်နေပေမယ့်လို့ ဒါဟာ စစ်အစိုးရကဖွဲ့ပေးတဲ့ ကော်မရှင် သဘောမျိုးဖြစ်တာကြောင့် ဒီကော်မရှင်အနေနဲ့ သမာသမတ်ကျကျ လုပ်နိုင်ပါ့မလား
ဆိုတာကတော့ သံသယရှိစရာပါ။ ကုလသမဂ္ဂဘက်က လေ့လာစောင့်ကြည့်ရေးအဖွဲ့ လွှတ်မယ်ဆိုတုန်းကလည်း မြန်မာနိုင်ငံအနေနဲ့ ဆန္ဒခံယူပွဲအတွေ့အကြုံရှိတာမို့ စောင့်ကြည့်စရာမလိုပါဘူးလို့ အာဏာပိုင်တွေဘက်က တုံ့ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG