သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြရင် အကြမ်းဖက်ဖြိုခွင်းဖို့ အာဏာပိုင်တွေ စိုင်းပြင်း


မေလ လူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ အာဏာပိုင်တွေက ပြည်သူတွေ ဆန့်ကျင်
ကန့်ကွက်တာမျိုး အဓိကရုဏ်းတွေဖြစ်လာ
ရင် နှိမ်နင်းမှုတွေလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်
တဲ့ လေ့ကျင့်မှုတွေကို ရန်ကုန် ဦးဝိစာရလမ်း၊
ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ဆက်တိုက်ပြုလုပ်
နေပြီး လူထုကို ခြောက်လှန့်နေတယ်လို့ မြို့ခံ တွေကပြောပါတယ်။ အပြည့်အစုံကို ထိုင်း
အခြေစိုက် ဗွီအိုအေသတင်းထောက်
မအေးအေးမာက တင်ပြပေးထားပါတယ်။

မေလလူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေအနေနဲ့ အာဏာပိုင်တွေကို ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ၊ အဓိကရုဏ်းလုပ်တာမျိုးတွေ ဖြစ်မယ်ဆိုရင် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အဓိကရုဏ်းနှိမ်နင်းဖို့ ပြင်ဆင်ချက်တွေကို ရန်ကုန်မြို့ ဦးဝိစာရ
လမ်း၊ ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ည
၁၂ နာရီနောက်ပိုင်းတွေမှာ ပြုလုပ်နေတယ်ဆိုပြီး ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ တွေ့နေရတယ်။ မနေ့ကဆိုရင် ကြည့်မြင်တိုင်လမ်းတလျှောက်
ပေါ့။ အဓိကရုဏ်းတခုဖြစ်လာရင် နှိမ်နင်းဖို့၊ စစ်သားတွေရော၊ ရဲတွေရော။ အရှေ့
ကနေ အရပ်ဝတ်တွေနဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ သူတို့က ပြေးလိုက်၊ နောက်က
လိုက်ရိုက်လိုက်၊ ခဲနဲ့ ပြန်ပစ်လိုက်ပေါ့။ အရင်ရက်တွေကလည်း ရွှေဂုံတိုင်လမ်း၊
လှည်းတန်းတို့ ဦးဝိစာရလမ်းတလျှောက်တို့မှာ အမြဲတမ်းကြုံနေရတယ်။ လမ်းတွေ
ပိတ်ပြီးလုပ်တယ်။ ကားတွေလည်း သွားလို့မရဘူး။ နောက်တခုက ကားကြီးတွေနဲ့
မီးတွေထိုးထားပြီး လုပ်ကြတယ်။ အဲဒီမှာ သူတို့ပြောနေတာကတော့ တကယ့်
အဓိကရုဏ်းဖြစ်လာရင် နှိမ်နင်းဖို့ပေါ့။ နှိမ်နင်းမယ်။ ဒီလိုဖြစ်ရင် ဒီလိုနှိမ်နင်းမယ်။ နောက်တခုကလည်း ဒီဟာကို သူတို့ တပ်လှန့်တဲ့သဘောပါပဲ။ ကြိုပြီးခြောက်ထားတဲ့
သဘောပေါ့။ ပြည်သူက ဒီလိုလုပ်ရင် သူတို့ဘက်က ဒီလိုပဲ တုံ့ပြန်မယ်ဆိုတာတွေကို
သူတို့ လုပ်နေကြတယ်။”

အာဏာပိုင်တွေအနေနဲ့ တညတညကို လူစည်ကားနိုင်မယ့် နေရာနှစ်ခုလောက်မှာ
အခုလို လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ဦးဝိစာရနဲ့ ပြည်လမ်းတလျှောက်မှာ
လေ့ကျင့်တဲ့ညကဆိုရင် လမ်းထဲကကားတွေ ထွက်လို့မရသလို အပြင်ကဝင်လာတဲ့
ကားတွေရော၊ လူတွေရော ဝင်လို့မရအောင် ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေ
အနေနဲ့ အထိတ်တလန့် ဖြစ်နေကြရပါတယ်။

လေ့ကျင့်နေတဲ့ပုံစံတွေကလည်း အရေးအခင်းတခု ဖြစ်နေသလိုမျိုး ဒိုင်းတွေကာ၊ ကျားတက်ထိုးတဲ့ပုံစံတွေနဲ့ အော်ဟစ်နေတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုပါ
တယ်။ လေ့ကျင့်မှုမှာ စွမ်းအားရှင်နဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေက ဆန္ဒပြသူတွေလို
သရုပ်ဆောင်ပြီး ပြေးလွှားနေရပါတယ်။ ရဲနဲ့စစ်တပ်ကတော့ နောက်ကနေ ပစ်ခတ်
နေသလိုမျိုးတွေ လုပ်နေတာမျိုး၊ ဆန္ဒပြသူတွေက ခဲလုံးတွေနဲ့ ပစ်ပေါက်နေတဲ့ပုံစံမျိုး
လုပ်နေတာကို စစ်တပ်နဲ့ရဲက ဘယ်လိုပုံစံနဲ့ နှိမ်နင်းမလဲဆိုတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်နေရ
တယ်လို့ ဆိုပါတယ်။

အရှေ့ရွှေဂုံတိုင်လမ်းနဲ့ လှည်းတန်းလမ်းမှာလုပ်တဲ့ညကဆိုရင် ပြည်သူတွေက အိမ်ထဲ
တွေကနေ ပွဲကြည့်သလို ကြည့်နေကြပြီး ဒီလေ့ကျင့်မှုကို စစ်တီအီးကား ဆယ်စီး၊
ဆယ့်ငါးစီးခန့်က မီးတွေထိုးပေးပြီး လေ့ကျင့်နေတယ်လို့လည်း ဆိုပါတယ်။ လေ့ကျင့်
မှုတွေမှာ လက်နက်အပြည့်အစုံနဲ့ လေ့ကျင့်နေတာ ဖြစ်တယ်လို့လည်း မြို့ခံတွေက
ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG