သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးစစ်စာချုပ်အဖွဲ့ အရှေ့ဥရောပနိုင်ငံများကို စည်းရုံးသိမ်းသွင်းမှု ရုရှား မလိုလား


ခရိုအေးရှားနဲ့ အယ်ဘေးနီးယားနိုင်ငံတွေ မြောက် အတ္တလန်တိတ် စစ်စာချုပ်နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်လာဖို့ နေတိုးက ဖိတ်ခေါ်လိုက်ပေမယ့်လည်း မက်စီတိုးနီးယား၊ ဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတွေ နေတိုးထဲ ဝင်ရောက်ကြဖို့ကိုတော့ ရွေ့ဆိုင်းထားရဖို့ရှိတယ်လို့ နေတိုးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်း အပါသူရိုင်းက ရိုမေးနီးယားနိုင်ငံ ပူခါရက်မြို့တော်က နေတိုးထိပ်သီး အစည်းအဝေး ညစာ စားပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ မက်ဆီတိုးနီးယား နိုင်ငံအရေးကို တခြားအဖွဲ့ဝင် ဂရိစ်နိုင်ငံက ပိတ်ဆို့ ကန့်ကွက်မှုဖြစ်တယ်လို့လည်း မစ္စတာ အပါသူရိုင်းက ဆိုပါတယ်။ မက်ဆီတိုးနီးယားဆိုတဲ့ နာမယ် အသုံးပြုမှုအတွက် ဂရိစ်နဲ့ မက်ဆီတိုးနီးယားတို့ နှစ်နိုင်ငံခြားမှာ သမိုင်းကြောင်းရှည်တဲ့ အငြင်းပွားမှုက ရှိနေပါတယ်။

ဒီတခေါက် နေတိုးထိပ်သီး အစည်းအဝေးမှာ နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ကို ကမ်းလှမ်းမှာ မဟုတ်ပေမယ့် ဒီနှစ်နိုင်ငံ အတွက် နေတိုးက ဆက်ပြီး တံခါးတွေ ဖွင့်ထားပါတယ်လို့လည်း နေတိုးပြောခွင့်ရက ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံသစ်တွေ တိုးပွားလာတာကြောင့် နေတိုးရဲ့ နယ်နိမိတ်စီးကြောင်း ရုရှား နယ်နိမိတ်ဆီရောက်လာတာကို မလိုလားဘူးလို့ ရုရှားက ပွင့်ပွင့်လင်းလင်းပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG