သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးမဟာမိတ်အဖွဲ့ ဘော်လ်ကန် ဒေသ နှစ်နိုင်ငံကို အဖွဲ့ဝင် သစ်အဖြစ် လက်ခံ


ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ နေတိုး
မဟာမိတ်အဖွဲ့ ထိပ်သီးဆွေးနွေးပွဲက အဖွဲ့ဝင်
သစ်နှစ်နိုင်ငံကို ကြိုဆိုလိုက်ကြပါတယ်။ ဒါပေ
မယ့်လည်း ယူကရိန်းနဲ့ ဂျော်ဂျီယာက တရားဝင်
အဖွဲ့ဝင်သစ်ဖြစ်ဖို့ ကမ်းလှမ်းတာကို နေတိုးအဖွဲ့
က ပယ်ချလိုက်ပါတယ်။ နေတိုး စစ်ရေးမဟာ
မိတ်အဖွဲ့ဝင်တွေက အာဖဂန်နစ္စတန်ထိုးစစ်ကို ထောက်ခံတဲ့အကြောင်း ပြသကြသလို ဥရောပ နိုင်ငံတွေအကြား မစ်ဇိုင်းဒုံးကျည် ကာကွယ်ရေး
စီမံချက်ကို ထောက်ခံခဲ့ကြပါတယ်။ နေတိုး
ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတဲ့ ရိုမေးနီးယား
ကနေ ပေါ်လာ ဝုဖ်စင် (Paula Wolfson) သတင်း ပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေး
ထားပါတယ်။

ဘော်လ်ကန်ဒေသက နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အယ်လ်ဘေးနီးယားနဲ့ ခရိုအေးရှား နှစ်နိုင်ငံ
အတွက်တော့ ဒီအချိန်ဟာ စိတ်လှုပ်ရှားရတဲ့ အချိန်တခုပါ။

နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် ဂျက်ဒ် ဒီဟောပ် ရှက်ဖ်ဖာ (Jaap de Hoop
Scheffer) က အဖွဲ့ဝင်သစ်အဖြစ် နှစ်နိုင်ငံစလုံးကို ကြိုဆိုတဲ့အကြောင်း ကြေညာပါ
တယ်။

“ဒီနေ့ဟာ ကျနော့်အနေနဲ့ ခင်ဗျားတို့အားလုံးနဲ့အတူ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိတဲ့နေ့
ပါ။ နေတိုး အန္တလန်းတစ်မြောက်ပိုင်းကောင်စီ အထူးအစည်းအဝေးမှာ အယ်လ်ဘေး
နီးယားနဲ့ ခရိုအေးရှား နှစ်နိုင်ငံက သမ္မတနဲ့ ဝန်ကြီးချုပ်တွေကို ကြိုဆိုခွင့်ရတဲ့အတွက်
ကျနော် ဝမ်းသာမိပါတယ်။”

ဘော်လ်ကန်ဒေသရဲ့ တတိယမြောက်နိုင်ငံဖြစ်တဲ့ မက်ဆီဒိုးနီးယားနိုင်ငံလည်း အဖွဲ့ဝင်
ဖြစ်ဖို့ သတ်မှတ်ချက်တွေကို ပြည့်မီပါတယ်။ ဒါပေမယ့်လည်း ဂရိစ်နိုင်ငံက နာမည်
ပြောင်းပေးဖို့ ငြင်းဆိုခဲ့တဲ့အတွက် နောက်ဆုံးအချိန်ကြမှ အဖွဲ့ဝင်ဖြစ်ရေးကိစ္စကို ရွှေ့ဆိုင်းလိုက်တာပါ။ မက်ဆီဒိုးနီးယားဟာ ဂရိစ်နိုင်ငံအတွင်းက ဒေသတခုရဲ့နာမည်နဲ့ သွားတူနေတဲ့အတွက် နာမည်ပြောင်းပေးဖို့ ဂရိစ်က တောင်းဆိုထားပါတယ်။

အမေရိကန်သမ္မတ ဘုရှ်ကတော့ မဟာမိတ်အဖွဲ့ဝင်နိုင်ငံအားလုံးကို မိန့်ခွန်းပြောကြား
ခဲ့တဲ့အချိန်မှာ မက်ဆီဒိုးနီးယားအရေး ဆုံးဖြတ်ချက်တရပ်ချဖို့ တိုက်တွန်းတောင်းဆိုခဲ့
ပါတယ်။

“နာမည်ကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့လိုပါတယ်။ ဒါမှလည်း မက်ဆီဒိုးနီးယားအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ထဲမှာ အမြန်ဆုံး ပါလာနိုင်မှာဖြစ်ပါတယ်။”

မက်ဆီဒိုးနီးယား ကိုယ်စားလှယ်အဖွဲ့ဟာ ထိပ်သီးဆွေးနွေးပွဲကနေ ထွက်ခွာသွားခဲ့ပါ
တယ်။ ဒါပေမယ့်လည်း အယ်လ်ဘေးနီးယားနဲ့ ခရိုအေးရှား နှစ်နိုင်ငံအတွက်တော့
ဒီအချိန်ဟာ ပျော်ရွှင်ဝမ်းမြောက်ရတဲ့အချိန်ပါ။ အယ်လ်ဘေးနီးယားဝန်ကြီးချုပ်
ဆာလီ ဘာရီရှား (Sali Berisha) က မဟာမိတ်အဖွဲ့တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ကျနော့်အတွက်တော့ ဒီအချိန်ဟာ မမျှော်လင့်ဘဲ ထူးခြားဆန်းကျယ်တဲ့ ဖြစ်ရပ်တွေကို ကြုံရတဲ့အချိန်လို့ ပြောရပါလိမ့်မယ်။ လွတ်လပ်မှုအတွက် ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်
တခုပါ။ အထူးပဲကျေးဇူးတင်ပါတယ်” လို့ ပြောဆိုပါတယ်။

ဒီလို အဖွဲ့ဝင်သစ်နှစ်နိုင်ငံ ပျော်ရွှင်နေတဲ့ တချိန်တည်းမှာ နေတိုးမဟာမိတ်အဖွဲ့ဝင်
ဖြစ်လာဖို့ မျှော်လင့်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု နိုင်ငံဟောင်း နှစ်နိုင်ငံအတွက်တော့ သတင်းကောင်းမရခဲ့ပါဘူး။ အမေရိကန်သမ္မတ ဘုရှ်ဟာ ဂျော်ဂျီယာနဲ့ ယူကရိန်း
နှစ်နိုင်ငံအတွက် တော်တော်လေး ပြင်းပြင်းထန်ထန် စည်းရုံးလှုပ်ရှားခဲ့တာပါ။ ဒါပေ
မယ့် အဖွဲ့ဲဝင်သစ်အဖြစ်လက်ခံဖို့ တောင်းဆိုချက်ကို ပယ်ချလိုက်ပြီး နောက်နှစ်မှ
ပြန်စဉ်းစားမယ်လို့ ပြောဆိုပါတယ်။

ဒီနှစ်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ရုရှားနိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
ဂျာမဏီနဲ့ ပြင်သစ်တို့ကလည်း လုံးလုံးလျားလျား သဘောမတူဘူးလို့ ပြောဆိုခဲ့ပါ
တယ်။

မစ်ဇိုင်းကာကွယ်ရေးစနစ်နဲ့ပတ်သက်လို့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ထောက်ခံမှုရလိုက်
တာဟာ သမ္မတဘုရှ် အစိုးရအတွက် ကြီးမားတဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်မှာ ထိုးစစ်ဆင်နေတာနဲ့ပတ်သက်လို့ နေတိုးအဖွဲ့ရဲ့ ထောက်ခံမှုက
လည်း အောင်မြင်မှုတခုဖြစ်ပါတယ်။

နိုင်ငံအတော်များများက အာဖဂန်နစ္စတန်ကို တပ်ဖွဲ့တွေ ထပ်စေလွှတ်ဖို့နဲ့ အကူအညီ
တွေ ပိုပေးဖို့ ကြေညာပါတယ်။ ပြင်သစ်က အာဖဂန်နစ္စတန် အရှေ့ခြမ်းမှာ နောက်ထပ်
တပ်ရင်းတခု ထပ်ပြီးစေလွှတ်မယ်လို့ ပြောဆိုပါတယ်။ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တောင်ဘက်ပိုင်းတွေမှာ ကနေဒါတပ်တွေနဲ့ ပူးတွဲ တာဝန်
ထမ်းနိုင်မှာ ဖြစ်ပါတယ်။

အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း (Hamid Karzai) နဲ့ တံခါးပိတ်အစည်းအဝေးအတွင်းမှာ
နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဖဂန်နစ္စတန်ရဲ့ တိုးတက်မှုအနေအထားတွေကို သုံးသပ်ခွင့်ရခဲ့ပါတယ်။ ဒီအစည်းအဝေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban ki-Moon) လည်း တက်ရောက်ပါတယ်။ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စား
လှယ်တွေလည်း အာဖဂန်စစ်ဆင်ရေးမှာ စစ်ရေးအရ ဒါမှမဟုတ် အကူအညီတွေပေးနေ
တဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက အခြားကိုယ်စားလှယ်တွေနဲ့အတူ
အစည်းအဝေး တက်ရောက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG