သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်တကြော့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မလား မူဂါဘီ ပါတီ စည်းဝေး


ပြန်လည် ပြုလုပ်ရနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲမှာ အတိုက်အခံ MDC ပါတီက သမ္မတလောင်း မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangirai) နဲ့ ယှဉ်ပြိုင်ဖို့ လက်ရှိသမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့် အာဏာရ ဇာနူး ပီဖက် (ZARNU-PF) ပါတီ ခေါင်းဆောင်တွေ မြို့တော် ဟာရယ်ရီမှာ ဒီကနေ့ ခေါင်းချင်းရိုက် ဆွေးနွေးနေကြပါတယ်။

သမ္မတ ရွေးကောက်ပွဲ ပြီးခဲ့တာ ၇ ရက် ရှိခဲ့ပြီဖြစ်ပေမယ့် အနိုင်အရှုံးစာရင်းကို အခုချိန်ထိ ရွေးကောက်ပွဲကော်မရှင်က မကြေညာသေးပါဘူး။

အတိုက်အခံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု MDC ပါတီက သူတို့ရဲ့ သမ္မတလောင်း မော်ဂန် ရှန်ဂရိုင်းက အနိုင်ရတယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲကော်မရှင်က သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပေးဖို့ တရားရုံးချုပ်က အမိန့်ညွှန်ကြားချက် ထုတ်ပြန်ပေးပါလို့ ဦးတိုက်လျှောက်ထား လိုက်ပါတယ်။

အတိုက်အခံ သမ္မတလောင်း မော်ဂန် ရှန်ဂရိုင်းက လက်ရှိသမ္မတ ရောဘတ် မူဂါဘီ အပေါ်မှာ အနိုင်ရပေမယ့်လည်း မဲအားလုံးရဲ့ ထက်ဝက်ကျော် မရတဲ့အတွက် သမ္မတ ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ရဖွယ် ရှိတယ်လို့ ဇင်ဘာဘွေ သတင်းစာတွေက ရေးသားနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG