ရှေ့လ မြန်မာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်နေတဲ့ကာလမှာ အကြမ်းဖက်သမားတွေက ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ကောင်း ကြံစည်နေကြလိမ့်မယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
နှစ်သစ်ကူး ရေပတ်ကစားကြတဲ့ အတာသင်္ကြန်ပွဲတော် ကာလမှာလည်း လူစည်းကားတဲ့ နေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ အဲဒီဆောင်းပါးက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ မတ်လက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးကို ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းတွေနဲ့ ဖမ်းမိတယ်လို့လည်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးပါတယ်။
စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ဖို့ ရေးဆွဲထားတဲ့ မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းကို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက ပယ်ချနေကြပြီးတော့ ၁၉၉၉ ခုနှစ်တုန်းက ကွယ်လွန်သွားတဲ့ ဗြိတိန်နိုင်ငံသားနဲ့ လက်ထပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် ရွေးကောက်ပွဲတွေမှာ မပါဝင်နိုင်အောင် အဲဒီ အခြေခံဥပဒေ မူကြမ်းမှာ ရေးဆွဲဖော်ပြထားပါတယ်။