သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ် ဥရောပခရီးစဉ်မှ ပြန်ရောက်၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကိစ္စ ရုရှားသဘောတူညီမှု မရခဲ့


ဥရောပ အလယ်ပိုင်း မှာ ဒုံးလက်နက် ကာကွယ်ရေး စနစ်ကို ရုရှားက ထောက်ခံအောင် မဆောင်ရွက်နိုင်ခဲ့ဘဲ၊ သမ္မတ ဘုရှ် ဝါရှင်တန် ပြန်ရောက်နေပါပြီ။

Sochi ပင်လယ်နက် အပန်းဖြေစခန်းမှာ သမ္မတ ပူတင်နဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် သမ္မတ ဘုရှ်ဟာ တနင်္ဂနွေနေ့က အမေရိကန်ကို ပြန်ရောက်လာခဲ့ပါတယ်။

သူတို့ကို ဆက်ခံမယ့်သူတွေအတွက် ပုံကြမ်းလို့ခေါ်တဲ့ သဘောတူညီချက်တစ်ရပ်ကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နှစ်နိုင်ငံ က (၇) နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့တာတွေကို ဒီ သဘောတူညီချက်မှာ ဖော်ပြထားပါလို့ မစ္စတာ ဘုရှ်က ပြောပါတယ်။

ပိုလန် နဲ့ ချက် နိုင်ငံတွေ မှာ ဒုံးလက်နက် ကာကွယ်ရေး စနစ်တွေ ချထားမယ့် စီမံကိန်း ကို ထောက်ခံတာတော့ သဘောတူညီချက်ထဲမှာ မပါရှိပါဘူး။

ဒုံးလက်နက် ဆန့်ကျင်ရေး စနစ်တစ်ရပ် ပူးပေါင်းဆောင်ရွက်ဖို့ အယူအဆတစ်ရပ် အတွက် မူဘောင်တစ်ရပ် ကို ဒီ သဘောတူ့ညီချက် က ထောက်ကန်ပေးထားတယ်လို့ မစ္စတာ ဘုရှ် က ပြောပါတယ်။

ဒုံးလက်နက် ကာကွယ်ရေး စနစ် နဲ့ နေတိုး တိုးချဲ့လာတာ အပေါ် ရုရှား က စိုးရိမ်မကင်း ဖြစ်တာ ကို မစ္စတာ ဘုရှ် နားလည်လိမ့်မယ်လို့ သူ ယုံကြည်ပါတယ်လို့ မစ္စတာ ပူတင် က ပြောပါတယ်။

ဘူခါရက် မြို့ နေတိုး ထိပ်သီး အစည်းအဝေး တက်ပြီး မစ္စတာ ဘုရှ် က Sochi အပန်းဖြေစခန်း ကို လာခဲ့တာပါ။ ဂျောဂျီယာ နဲ့ ယူကရိန်း တို့အတွက် အဖွဲ့ဝင် ဖြစ်ရေး ဖွင့်ပေးဖို့ နေတိုး ကို ယုံကြည်လက်ခံလာအောင် သူ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒုံးလက်နက် ကာကွယ်ရေး စနစ် ကို နေတိုးထောက်ခံလာအောင် တော့ မစ္စတာ ဘုရှ် က ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG