သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရေနီယံသန့်စင်မှု တိုးချဲ့ ဆက်လက်လုပ်နေကြောင်း အီရန်သမ္မတ ကြေညာ


အီရန်နိုင်ငံဟာ နျူကလီးယား အစီအစဉ်ကို တိုးချဲ့လုပ်ကိုင်နေတဲ့အကြောင်း အီရန်သမ္မတ
မာမွတ်ဒ် အာမာဒင်နီဂျက်ဒ် (Mahmoud
Ahmadinejad) က ပြောဆိုပါတယ်။
နန်တပ်ဇ် (Natanz) နျူကလီးယားစက်ရုံမှာ
ယူရေနီယံ သန့်စင်ဖို့အတွက် ဗဟိုလ်အားခွာ
စက် သုံးထောင်ကနေ အခု ခြောက်ထောင် ထပ်ပြီးတိုးလိုက်တာဖြစ်တယ်လို့ သမ္မတ အာမာဒင်နီဂျက်ဒ်က ပြောပါတယ်။

စက်ရုံအရာရှိတဦးဖြစ်တဲ့ မာမွတ်ဒ် ဂျက်ဖာရီ
က (Mahmoud Jafarai) ကလည်း အီရန်
အနေနဲ့ နျူကလီးယားသန့်စင်တဲ့လုပ်ငန်းကို ထပ်တိုးလုပ်ကိုင်နေတယ်ဆိုတာကို
အတည်ပြု ပြောဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ကတော့ အီရန်ဘက်ကပြောကြားချက်ကို သူမအနေနဲ့ မထောက်ခံနိုင်ဘူးလို့ ပြောဆိုပါတယ်။
ဒါပေမယ့် အီရန်ဟာ သူ့ရဲ့ ယူနေနီယံသန့်စင်မှုတွေ ရပ်ဆိုင်းဖို့ ငြင်းဆိုခဲ့တဲ့အချက်ကို
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှု အဆင့်သုံးဆင့်နဲ့ ကမ္ဘာက အထီးကျန်
ထားရှိတဲ့ဘဝကို ရင်ဆိုင်နေရတယ်လို့ သူမက ထောက်ပြပါတယ်။

ပါရီမြို့တော်မှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ်ဒ် ကူရှ်နာက (Bernard
Kouchner) က အီရန်က ကမ္ဘာကစိုးရိမ်ရတဲ့ နျူကလီးယား အစီအစဉ်အတွက် နိုင်ငံ
တကာက တောင်းဆိုတဲ့အတိုင်း မလိုက်နာဘူးဆိုရင် ကမ္ဘာ့အဖွဲ့အစည်းအနေနဲ့ ပိုပြီး
ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြဋ္ဌာန်းဖို့ စဉ်းစားသင့်တယ်လို့ သတင်းထောက်
တွေကို ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျယီ လက်ဗ်ယော့ (Sergei Lavrov)
ကတော့ အီရန်အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ပြဋ္ဌာန်းဖို့ မလိုအပ်တဲ့အကြောင်း၊ အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ တိုက်ရိုက်ဆွေးနွေးမှုတွေကသာ အဖြေရှာနိုင်မှာ
ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG