သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးရှူးတိုင် ဆန္ဒပြသူများကို တရုတ်သတိပေး၊ မီးရှူးတိုင်ခရီး အဆုံးသတ်ရန် အိုင်အိုစီက စဉ်းစားနေ


ဥရောပတိုက်မှာ အိုလံပစ်မီးရှူးတိုင် သယ်ယူ
ပွဲတွေ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ
ကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရပြီးတဲ့နောက်
နောက်ထပ် ဆန္ဒပြမယ့်လူတွေကို တရုတ်
အစိုးရက သတိပေးလိုက်ပါတယ်။ ဒီအတော
အတွင်းမှာပဲ နောက်ထပ်ဆန္ဒပြမှုတွေ၊ အနှောင့်အယှက်တွေကို တားဆီးဖို့ မီးရှူးတိုင်
သယ်ယူရေး အစီအစဉ်တခုလုံးကို ဖျက်သိမ်း
ပစ်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတကာ
အိုလံပစ်ကော်မတီ (အိုင်အိုစီ) တာဝန်ရှိသူ
တဦးက ပြောပါတယ်။ Daniel Schearf ဘေဂျင်းကနေ ပေးပို့ထားတဲ့ သတင်း
ဆောင်းပါးကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

အိုလံပစ်မီးရှူးတိုင်သယ်ယူတာကို ကန့်ကွက်ဆန္ဒပြသူတွေဟာ အားကစားပွဲရဲ့ သွင်ပြင်
လက္ခဏာနဲ့ ဆန့်ကျင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ
ပြောလိုက်တာပါ။

လန်ဒန်နဲ့ ပဲရစ်မြို့တွေက ဆန္ဒပြသူတွေဟာ မီးရှူးတိုင်ကို ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြပြီး အဲဒီနှစ်နေရာစလုံးမှာ လမ်းကြောင်းတစိတ်တပိုင်းကို ဘတ်စ်ကားနဲ့ ဆက်သယ်ခဲ့ရပါ
တယ်။

တနင်္လာနေ့တုန်းကလည်း ထောင်ချီတဲ့ဆန္ဒပြသူတွေ ပဲရစ်မြို့က မီးရှူးတိုင်သယ်ယူပွဲကို ဟန့်တားခဲ့ကြပြီးတဲ့နောက် သယ်ယူတဲ့လမ်းကြောင်းကို တရုတ်အိုလံပစ်တာဝန်ရှိသူ
တွေက ဖြတ်တောက်လျှော့ချခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ယု (Jiang Yu) က မီးရှူးတိုင်သယ်ယူ
ပွဲကို နှောင့်ယှက်ဟန့်တားတာဟာ အိုလံပစ်ပဋိညာဉ်စာတမ်းကို မလိုက်နာတာဖြစ်သလို ကမ္ဘာ့ဥပဒေစနစ်နဲ့ ငြိမ်းချမ်းရေးချစ်မြတ်နိုးတဲ့ ကမ္ဘာတဝှမ်းကလူတွေကို အံတုတာ
လည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လှုပ်ရှားသူတွေက တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ၊ အထူးသဖြင့်တော့
တိဘက်အရေး အကြမ်းဖက်ကိုင်တွယ်မှုကို ကန့်ကွက်ဆန္ဒပြနေကြတာပါ။ တိဘက်
လူမျိုးတွေရဲ့ တရုတ်အစိုးရဆန့်ကျင်ရေး မကြာသေးခင်က ဆန္ဒပြပွဲတွေကို တရုတ်
အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အပေါ် တိဘက်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်
မှုတွေ တိုးလာခဲ့ပါတယ်။

တိဘက်ကအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း အိုလံပစ်ကော်မတီ ဥက္ကဋ္ဌက ဖော်ပြပြောဆိုခဲ့ပေမယ့် ယေဘုယျအားဖြင့်တော့ အားကစားနဲ့ နိုင်ငံရေး ရောရော ထွေးထွေးလုပ်တာကို ကန့်ကွက်ပါတယ်။

ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ မီးရှူးတိုင်သယ်ယူတာကို စောစောစီးစီး အဆုံးသတ်
ဖို့၊ အစီအစဉ်ကို လုံးဝရပ်ပစ်လိုက်ဖို့ထိတောင်မှ အိုင်အိုစီ တာဝန်ရှိသူတွေက ပြောလာ
ကြပါပြီ။ ကယ်ဗင် ဂေါ့စ်ပါ (Kevan Gosper) ဟာ အိုင်အိုစီအဖွဲ့ဝင်တဦး ဖြစ်ပါတယ်။

“ကျနော်တို့စိုးရိမ်လာတာက လူတွေဟာ ဒီမိုကရေစီဝန်းကျင်ကို အခွင့်ကောင်းယူပြီး
စည်းကမ်းသေဝပ်မှုကို နှောင့်ယှက်လာတာ၊ အိုလံပစ်မီးရှူးတိုင်ပေါ်မှာ ဒေါသပုံချလာ
ကြတာကိုပါ။ လူတွေက သူတို့လိုချင်တာကို သိသာအောင် ဖော်ပြရုံသက်သက်ဆိုရင်
ဒါက ကိစ္စတခုပါ။ ဒါပေမယ့် အကြမ်းဖက်တာတွေဖြစ်တဲ့အထိ ဆန္ဒပြလာမယ်၊ လူတွေ အဖမ်းခံရမယ်ဆိုရင်တော့ ဒါဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီအခွင့်အရေးကို လုံး၀ စော်ကားတာဖြစ်လာပြီး ကျနော်တို့ စိတ်မသက်မသာ ဖြစ်ရပါတယ်။”

ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ အဖမ်းခံခဲ့ကြရပါတယ်။ ပုံမှန်အားဖြင့် တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တည်းဖြတ်လေ့ရှိတဲ့ တရုတ် ရုပ်မြင်သံကြား
သတင်းတွေက လန်ဒန်နဲ့ ပဲရစ်က ဆန္ဒပြပွဲတွေကို ပြသခဲ့ပါတယ်။ အေသင်နဲ့ အစ္စတန်
ဘူလ်တို့က အစောပိုင်း ဆန္ဒပြပွဲတွေကိုတော့ မထုတ်လွှင့်ခဲ့ပါဘူး။

အိုလံပစ်မီးရှူးတိုင် ဆန္ဒပြသူတွေကို တိဘက်လွတ်မြောက်ရေး ခွဲထွက်မှုလှုပ်ရှားသူတွေ
အဖြစ် တရုတ်က သိမ်းကျုံးဖော်ပြပါတယ်။ ဒါပေမယ့် နိုင်ငံရေးသဘောထားကွဲလွဲသူ
တွေကို တရုတ်အစိုးရက အကျဉ်းချတာ၊ သတင်းမီဒီယာကို ထိန်းချုပ်ထားတာနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရတွေကို ထောက်ခံတာတွေကိုလည်း ဆန္ဒပြသူတွေ
က ရှုတ်ချကန့်ကွက်ခဲ့ကြတာပါ။

မီးရှူးတိုင်ကို ဒီကနေ့ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်ဆစ္စကိုမြို့မှာ သယ်ယူဖို့စီစဉ်
ထားပြီး ဆန္ဒပြပွဲတွေ အကြီးအမားဖြစ်ဖို့ ရှိနေပါတယ်။ ဆန်ဖရန်ဆစ္စကိုမြို့ရဲ့ အထင်
ကရ Golden Gate တံတားကြီးပေါ်မှာ တိဘက်လွတ်မြောက်ရေး တောင်းဆိုထားတဲ့ ဆိုင်းဘုတ်ကြီးတွေကို ချိတ်ဆွဲကြတဲ့ ဆန္ဒပြသူတွေကတော့ ဖမ်းဆီးခံထားရပြီးပါပြီ။

ဒီအတောအတွင်းမှာပဲ ပါကစ္စတန်ဒုက္ခသည် လူငယ်တဦးကို တရုတ်အစိုးရက ပြန်ပို့
လိုက်တဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောလိုက်ပါတယ်။ ဒီလိုပြန်ပို့လိုက်တာဟာ ဘေဂျင်းအိုလံပစ်ပွဲတော် လုံခြုံရေးနဲ့ ဆက်စပ်နေပုံရကြောင်း UNHCR က ဆိုပါတယ်။

ပြန်ပို့ခံလိုက်ရတဲ့ ဒုက္ခသည်ကတော့ အသက် ၁၇ နှစ်အရွယ် ပါကစ္စတန် လူငယ်တဦး
ပါ။ ဒီလိုပြန်ပို့တာဟာ တရုတ်အစိုးရက သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ၁၉၅၁
ခုနှစ် ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ဖွယ်ရှိတယ်လို့
UNHCR ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျနီဖာ ပဂိုးနစ်စ် (Jennifer Pagonis) က
ဆိုပါတယ်။ ဒီသဘောတူညီချက်အရ ဒုက္ခသည်တွေကို သူတို့ရဲ့မူရင်းနိုင်ငံတွေဆီ အတင်းအဓမ္မပြန်ပို့တာကို ပိတ်ပင်တားမြစ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG