မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ့် လူ ၁၂၁ ယောက်ကို ကွန်တိန်နာ အအေး စက်တပ်ထားတဲ့ မော်တော်ကားထဲမှာ ခိုးသွင်းလာတာ အဲဒီ ထဲက ၅၄ ယောက် သေဆုံးသွား ပြီး ၂၁ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေ ရောက်ရှိ နေတယ် လို့ သတင်းတရပ်က ဆိုပါတယ်။
အဲဒီထဲက အလုပ်သမား ၄၇ ယောက် အသက်ရှင်ကျန်ပြီး အဲဒီကိစ္စကို စစ်ဆေးနေတယ်
လို့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က ရဲစခန်းမှူးက ပြောကြားပါတယ်။ ကွန်တိန်နာ ကားထဲမှာ ပါလာတဲ့ လူ ၁၂၁ ယောက်ထဲက အခုလို လူတချို့ သေဆုံးသွားတာကို သိတဲ့အခါ ကားမောင်းသူက ထွက်ပြေးသွားခဲ့တယ်လို့ စခန်းမှူးက ဆက်ပြီးပြောပါတယ်။
ထိုင်းရဲက ကားမောင်းသူကို ရှာဖွေနေသလိုပဲ ဒီလို လူတွေခိုးသွင်းတဲ့ဂိုဏ်းကိုလည်း
စုံစမ်းနေတယ်လို့ ဆိုပါတယ်။ ကားက ထိုင်းနိုင်ငံ ဖူးကက်အပန်းဖြေစခန်းဘက်ကို ဦးတည်သွား နေတာလို့လည်း ရဲက ဆက်လက်ပြောဆိုပါတယ်။