သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုစကား နားထောင်ရန် မကြောက်ရွံ့သင့်ကြောင်း သမ္မတဘုရှ်က မြန်မာစစ်အစိုးရကို တိုက်တွန်း


မြန်မာစစ်အစိုးရအနေနဲ့ ကိုယ့်ပြည်သူလူထု
ရဲ့အသံကို ကြောက်မနေသင့်ပါဘူးလို့
အမေရိကန် သမ္မတဘုရှ်က ပြောလိုက်ပါ
တယ်။ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို
မေလ ၁၀ ရက်နေ့မှာ လုပ်မယ်လို့ စစ်အစိုးရ
က ကြေညာလိုက်အပြီး အမေရိကန်သမ္မတ
ဘုရှ်က အဲဒီလို ပြောလိုက်တာပါ။
ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြ
ထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်နေတဲ့ စင်္ကာပူဝန်ကြီးချုပ်
ဟောင်းပေါ့လေ၊ အခုတော့ အကြီးတန်းဝန်ကြီးဆိုပြီး ဆက် တာဝန်ယူနေတဲ့
မစ္စတာ ဂိုချောက်တောင် (Goh Chok Tong) နဲ့ သမ္မတဘုရှ်တို့ ဆွေးနွေးပွဲအပြီး
ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အချိန်ယူ ပြောခဲ့ပါတယ်၊
မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ အချိန်ယူ ပြောခဲ့ ပါတယ်။ မြန်မာစစ်အစိုးရ
အနေနဲ့ ပြည်သူလူထုရဲ့အသံတွေကို မကြောက်သင့်ဘူးဆိုတာ ပြောခဲ့ပါတယ်။
ဒီကနေ့အချိန်ထိ ရှိနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျနော် စိတ်ပျက်မိပါတယ်။
တိုင်းပြည်ကို ပြုပြင်ပြောင်းလဲပြီး လူထုရဲ့ဆန္ဒကို တုန့်ပြန်ဖို့ စစ်ခေါင်းဆောင်တွေ
ကို တိုက်တွန်းပါတယ်။” လို့ မစ္စတာဘုရှ်က ပြောပါတယ်။

အခြေခံ ဥပဒေမူကြမ်းကို မေလ ၁၀ ရက်နေ့မှာ လူထုဆန္ဒခံယူမယ်လို့ စစ်အစိုးရ
က မနေ့ညက ကြေညာခဲ့ပြီးတဲ့နောက် တရက်ထဲမှာပဲ အမေရိကန်သမ္မတဘုရှ်က
လည်း အဲဒီလို ပြောတာပါ။

စင်္ကာပူအကြီးတန်းဝန်ကြီး မစ္စတာ ဂိုချောက်တောင်ကတော့ မြန်မာနိုင်ငံရဲ့
ပြဿနာဖြေရှင်းရာမှာ စစ်ဘက်ဟာ အဖြေရဲ့ တစိတ်တပိုင်းဖြစ်ရမယ်လို့ မြန်မာ
စစ်တပ်ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ဟာ ပြဿနာဖြစ်နေသလို အဖြေရဲ့
တစိတ်တပိုင်း ဖြစ်ရမယ်ဆိုတာ သမ္မတကို ကျနော်ပြောပါတယ်။ မြန်မာနိုင်ငံက
ပြဿနာတွေ ဖြေရှင်းရာမှာ စစ်တပ်က တစိတ်တပိုင်းမပါဝင်ဘဲနဲ့ အဖြေဆိုတာ
မရနိုင်ပါဘူး။” လို့ မစ္စတာဂိုချောက်တောင်က ဆိုပါတယ်။

စင်္ကာပူဝန်ကြီးချုပ်ဟောင်းက အမေရိကန်ပြည်ထောင်စုကို ရောက်နေပြီး
အမေရိကန်သမ္မတဘုရှ်နဲ့ ဆွေးနွေးရာမှာ မြန်မာ့အရေး ပါဝင်ခဲ့သလို စင်္ကာပူ
နိုင်ငံခြားရေးဝန်ကြီးဟာလည်း ဧပြီလ ၈ ရက် အင်္ဂါနေ့က သြစတြီးယားသမ္မတ
Heinz Fischer နဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာနိုင်ငံက အခြေအနေတွေပါဝင်
တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ
ထားပါတယ်။

သမ္မတဘုရှ်နဲ့ အကြီးတန်းဝန်ကြီး ဂိုချောက်တောင်တို့ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့
တခြား အကြောင်းအရာကတော့ တိဘက်အရေးပါ။ တိဘက်ခေါင်းဆောင်
ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ သမ္မတဘုရှ်က
တရုတ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီအချက်ကို မစ္စတာ ဂိုချောက်တောင်ကလည်း သဘောတူခဲ့ပြီး ဒလိုင်းလားမားနဲ့
ဆွေးနွေးတာသာလျှင် အခြေအနေတွေ တိုးတက်လာဖို့ တရုတ်နိုင်ငံအတွက် တခု
တည်းသော နည်းလမ်းဖြစ်တယ် လို့ ပြောခဲ့ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG