သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ နိုင်ငံရေး အကျပ်အတည်း အာဖရိက တောင်ပိုင်းခေါင်းဆောင်များ ဆွေးနွေး


ပိုပြီးနက်ရှိုင်းလာနေတဲ့ ဇင်ဘာဘွေနိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အာဖရိကတိုက် တောင်ပိုင်းက ခေါင်းဆောင်တွေဟာ အရေးပေါ် ဆွေးနွေးပွဲတခုကို ပြုလုပ်နေကြပါတယ်။

ဒါပေမယ့် ဇမ်ဘီယာနိုင်ငံ၊ လူဆာကားမြို့မှာ လုပ်နေတဲ့ အာဖရိကတိုက် တောင်ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ထိပ်သီး ဆွေးနွေးပွဲကို ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ တက်ရောက်ခြင်း မရှိပါဘူး။ ဇင်ဘာဘွေ နိုင်ငံရေး ပြဿနာမှာ အဓိကကျတဲ့ သမ္မတက မတက်ဘဲ ဝန်ကြီးအဖွဲ့တဖွဲ့ကို ကိုယ်စားစေလွှတ်ခဲ့ပါ တယ်။

ဇင်ဘာဘွေမှာ မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ ပြောနေတဲ့ အတိုက်အခံ ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်းကတော့ အခု အရေးပေါ် ဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။

ထိပ်သီးဆွေးနွေးပွဲဖွင့်ပွဲမှာ ဇမ်ဘီယာသမ္မတ လီဗီး မွာနာဝါဆာက ဇင်ဘာဘွေ ပြည်သူတွေရဲ့ ဆန္ဒကို ရောင်ပြန်ဟပ်စေမယ့် ဆုံးဖြတ်ချက်တခု ထွက်အောင် ဆွေးနွေးပွဲကို အာရုံစိုက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

စနေနေ့အစောပိုင်းတုန်းကလည်း တောင်အာဖရိကသမ္မတ သာဘို အမ်းဘီးကီး က ဇမ်ဘာဘွေ သမ္မတ မူဂါဘီကို ဟာရာရီးမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးမှာ မစ္စတာ အမ်ဘီးကီးက ဇင်ဘာဘွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ အခြေအနေကို ပြဿနာကြီး ဖြစ်နေပြီလို့ ပြော မရကြောင့် ဆိုခဲ့ပါတယ်။

ဇင်ဘာဘွေမှာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က အခုချိန်ထိ တရားဝင် ရလဒ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG