ဇင်ဘာဘွေနိုင်ငံမှာ ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေရဲ့ မဲအရေအတွက် တစိတ်တပိုင်းကို ပြန်ရေတွက်မယ့်အမိန့်ကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ဇင်ဘာဘွေရဲ့ အဓိက အတိုက်အခံအုပ်စုက ပြောလိုက်ပါတယ်။
အင်္ဂါနေ့မှာ တရားရုံးကို ဦးတိုက်လျှောက်ထားမယ့်အကြောင်းနဲ့ မဲပြန်ရေတွက်မှုမှာ ပူးပေါင်း ဆောင်ရွက်တာ ဒါမှမဟုတ် ဘယ်လို ရလဒ်မျိုးကိုမှ လက်ခံတာတွေ လုပ်မှာမဟုတ်ဘူးလို့ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့ MDC က ဒီကနေ့မှာ ပြောလိုက်တာပါ။
လူထုရဲ့ဆန္ဒကို ပယ်ဖျက်ဖို့နဲ့ သမ္မတ ရောဘတ် မူဂါဘီ အာဏာဆက်တည်မြဲစေဖို့ မဲပြန်ရေတွက်ဖို့ ညွှန်ကြားခဲ့တာလို့ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အာဏာရ ZANU-PF ပါတီတို့အပေါ် MDC ရဲ့ ရှေ့နေဖြစ်သူ ဆယ်လ်ဘီ ဟွာချာအပါအဝင်
တာဝန်ရှိသူတွေက စွပ်စွဲပြောဆိုပါတယ်။
အငြင်းပွားနေတဲ့ မဲဆန္ဒနယ် ၂၃ ခုမှာ မဲပြန်ရေတွက်ဖို့ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတယ်လို့ နိုင်ငံပိုင် Sunday Mail သတင်းစာက ဖော်ပြခဲ့တာပါ။