သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာအစိုးရသစ် ဖွဲ့လိုက်ပြီ


ကင်ညာနိုင်ငံမှာတော့ ခေါင်းဆောင်တွေအကြား အာဏာခွဲဝေထားတဲ့ အစိုးရအဖွဲ့သစ်ကို ကြေညာလိုက်ပါပြီ။ ဒါဟာ သမ္မတ ရွေးကောက်ပွဲတွေအပြီး လူအသေအပျောက် ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပြန်ဖြစ်လာမယ့်အရေး ခြိမ်းခြောက်နေတဲ့ သောင်မတင်ရေမကျ အကျပ်အတည်းကို အဆုံးသတ်လိုက်တာပါ။

သမ္မတ မွိုင် ကီဘားကီး က အတိုက်အခံ ခေါင်းဆောင် ရိုင်လာ အိုဒင်းဂါ နဲ့ ယှဉ်တွဲပြီး အစိုးရ အဖွဲ့စာရင်းကို ရုပ်မြင်သံကြား ကနေ ဒီကနေ့ ကြေညာလိုက်ပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်းပဲ မစ္စတာ အိုဒင်းဂါ က ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

သမ္မတရဲ့ အမျိုးသားညီညွတ်ရေးပါတီက အူရရူ ကန်ရတာ နဲ့ အတိုက်အခံ လိမ္မော်ရောင် လှုပ်ရှားမှုပါတီက မူဆာလီယာ မူဒါဘာဒီ တို့က ဒုတိယ ဝန်ကြီးချုပ်တွေ ဖြစ်လာကြပါတယ်။

အစိုးရဖွဲ့စည်းရေး ဆွေးနွေးပွဲတွေက သီတင်းပတ်ပေါင်းများစွာ သောင်မတင် ရေမကျ ဖြစ်နေခဲ့တာပါ။ ဒါကြောင့် မစ္စတာ ကီဘာကီး နဲ့ မစ္စတာ အိုဒင်းဂါးတို့ ဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အာဏာခွဲဝေရေး သဘောတူညီချက် ပျက်သွားတော့မလားလို့တောင် စိုးရိမ်ခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG