သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားနပ်ရိက္ခာ ရှားပါးမှုကြောင့် နိုင်ငံအတော်များများ အငတ်ဘေးနှင့် အကြမ်းဖက်မှု ကြုံရနိုင်


စားသောက်ကုန်ဈေးနှုန်းတွေ တဟုန်ထိုးတက်နေတာကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ငတ်မွတ် ခေါင်းပါးမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာကို ချက်ချင်း ကူညီ လုပ်ဆောင်ပေးဖို့ ကမ္ဘာ့ဘဏ်ဥက္ကဌ Robert Zoellick က တိုက်တွန်းလိုက်ပါတယ်။

အငတ်ဘေးနဲ့ကြုံတွေ့နေရသူတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်း ကူညီကြဖို့ တနင်္ဂနွေ နေ့က မစ္စတာ ဇိုးလစ်က တိုက်တွန်းလိုက်တာပါ။ ၀ါရှင်တန် မြို့တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲမှာ မစ္စတာ ဇိုးလစ်က အခုလို ပြောသွားတာပါ။

အခုရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာပြဿနာဟာ ရေတို ပြဿနာမဟုတ်ပဲ နှောင်လာမယ့် မျိုးဆက် တွေကိုပါ ထိခိုက်နိုင်တယ်လို့ မစ္စတာ ဇိုးလစ်က ပြောပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တဟုန်ထိုး တက်ကုန်တဲ့အတွက် အီဂျစ်၊ ဟေတီနဲ့ ဖိလစ်ပိုင်အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ကြီးတို့ ၀ါရှင်တန်မြို့တော်မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲမှာ ဒီ စားနပ်ရိက္ခာ ပြဿနာဟာ ထိပ်တန်းက နေရာယူခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG