ဧပြီ ၁၄၊ ၂၀၀၈ - ခေါင်းမာပြီး ဆက်ဆံရခက်ခဲတဲ့ အစိုးရ
တရပ်ရဲ့ ပြုမူလုပ်ဆောင်ပုံ ပြောင်းလဲသွားအောင်
ဒဏ်ခတ် အရေးယူမှုကို အသုံးပြုကြပါတယ်။ ဘာမှမလုပ်
ဘဲနေတာနဲ့ တိုက်ရိုက် ဝင်စွက်ဖက်တာတွေရဲ့ ကြားထဲ
က အလယ်အလတ်မူဝါဒအဖြစ် ဒဏ်ခတ် အရေးယူမှုကို
မူဝါဒချမှတ်သူတွေက မြင်ကြပါတယ်။
ဒါပေမယ့် တခါတရံမှာတော့ စီးပွားရေးအရ မက်လုံးတွေ
ပေးတာဟာ စီးပွားရေးအရ ဒဏ်ခတ် အရေးယူတာထက် အစိုးရတခုရဲ့မူဝါဒ ပြောင်းလဲ
လာရေး ဆွဲဆောင် စည်းရုံးရာမှာ ပိုပြီး ထိရောက်နိုင်ပါတယ်။
ဒဏ်ခတ် အရေးယူမှုအပြင် တခြား ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတချို့ကို ဒီအစီအစဉ်
မှာ တင်ပြထားပါတယ်။