သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးကို အိမ်ဖြူတော်မှာ အခမ်းအနားနဲ့ ကြိုဆို


သမ္မတဘုရှ်က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဧည့်သည်တော်ပုပ်ရဟန်း မင်းကြီး Benedict ကို ဒီကနေ့ အိမ်ဖြူတော် မှာအခမ်းအနားနဲ့ကြိုဆိုခဲ့ပါတာ်။

အိမ်ဖြူတော်မှာ ကျင်းပတဲ့အခမ်းအနားကို အမေရိကန် လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ၊ ကက်သလစ် ဘုန်းတော်ကြီးတွေ၊ သီလရှင်ဆရာကြီးတွေနဲ့ ပရိတ်သတ် ၉,၀၀၀ခန့် ကစည်ကားသိုက်မြိုက်စွာကြိုဆိုခဲ့ကြပါတယ်။

မနေ့က ဝါရှင်တန် မြို့ပြင်က အင်ဒရူးလေတပ်ကို ပုပ်ရဟန်း မင်းကြီး ဆိုက်ရောက်ခဲ့စဉ်တုံးက ဒီကနေ့ အသက်(၈၁)နှစ် ပြည့်မြောက်မှာဖြစ်တဲ့အတွက် ပုပ်ရဟန်းမင်းကြီးကို လူအုပ်ကြီးကနေ မွေးနေ့ မင်္ဂလာသီချင်းနဲ့ ကြိုဆိုခဲ့ကြ ပါတယ်၊ သူ့ကို မစ္စတာဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့အပြင် သမီး ဂျန်နာဘုရှ် တို့ကပါ ကြိုဆိုခဲ့ကြ ပါတယ်၊

ပုပ်ရဟန်းမင်းကြီး Benedict က သူ မစ္စတာဘုရှ်နဲ့ ဆွေးနွေးတဲ့အခါ လူဝင်မှုကြီးကြပ်ရေး ကိစ္စ တွေကို ပြောဆိုမယ်လို့ ဝါရှင်တန်ကိုအလာ လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောဆို ခဲ့ပါသေးတယ်၊ မိသားစုတွေ ကွဲကွာမှုဟာ စိုးရိမ်စရာ ကောင်းတဲ့ စာရိတ္တ လူမှုရေးကိစ္စနဲ့ လူသား အဖွဲ့အစည်းတွေ ကိစ္စလို့လည်း ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG