သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှူးတိုင် သတင်းယူဖို့ ကြိုးပမ်းသူ မြန်မာသတင်းသမား ၄ ဦး ဖမ်းဆီးခံရ


ဘေဂျင်း အိုလံပစ်မီးရှူးတိုင် ဖြတ်သန်းသယ်
ဆောင်မယ့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ
လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့
ကြားက သတင်းသွားရောက်ရယူဖို့ ကြိုးပမ်း
ခဲ့တဲ့ မြန်မာသတင်းသမားတချို့ကို လုံခြုံရေး အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။
ဒီကနေ့ မီးရှူးတိုင်လှည့်လည်ပွဲကို အနှောင့်
အယှက် အဟန့်အတားတွေ မရှိစေဖို့ အိန္ဒိယ အာဏာပိုင်တွေက ကန့်သတ်ပိတ်ပင်ချက်
တွေကိုလည်း ထုတ်ပြန်ထားတာပါ။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

နွေရာသီ ဘေဂျင်းအိုလံပစ် အားကစားပွဲ
တော်မှာ ထွန်းညှိမယ့် မီးရှူးတိုင် ဒီကနေ့
ရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံမြို့တော် နယူး
ဒေလီမှာ သတင်းရယူဖို့ သွားရောက်ခဲ့တဲ့ မြန်မာသတင်းသမား ၄ ယောက်ကို လုံခြုံ
ရေး အာဏာပိုင်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ ထိန်းသိမ်းလိုက်တာပါ။ အိန္ဒိယနိုင်ငံ
အခြေစိုက် ခိုနမ်သောင်သတင်းဌာန အယ်ဒီတာတဦး အပါအဝင် မြန်မာသတင်းသမား
တွေ နယူးဒေလီမြို့လယ်က နာမည်ကျော် အိန္ဒိယမုခ်ဦးအနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့
အကြောင်းနဲ့ ပတ်သက်လို့တော့ ခိုနမ်သောင်သတင်းဌာန တာဝန်ခံတဦးက အခုလို
ပြောပြခဲ့ပါတယ်။

“အခုက သူတို့က Free Tibet Demonstration လုပ်တာလေ၊ အိန္ဒိယဂိတ်မှာ။ အဲဒါ သတင်းယူဖို့သွားတဲ့ အယ်ဒီတာ မျိုးမင်းအောင်၊ ကျနော်တို့အယ်ဒီတာက ဖုန်းဆက်ခဲ့
တယ်၊ ဒီနေ့ ၂ နာရီ ၁၅ မိနစ်မှာ လေးယောက်ဖမ်းတယ်တဲ့။ တခြားလူ မရှိဘူး။ သူတို့
လေးယောက်၊ သတင်းထောက်တွေပဲဖမ်းတယ်။ သူတို့က အဲဒီမှာ ဓာတ်ပုံရိုက်၊ သတင်း ယူဖို့သွားကြတာ။”

မီးရှူးတိုင်ဖြတ်သန်းသွားလာချိန်မှာ အနှောင့်အယှက်ရှိမှာကို ဟန့်တားတဲ့အနေနဲ့ လုံခြုံ
ရေး တင်းကျပ်မှုတွေ ပြုလုပ်ထားတဲ့ကြားက သတင်းသွားယူတုန်း အခုလို ဖမ်းဆီးခံခဲ့
ရတာလို့လည်း အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အိန္ဒိယအခြေစိုက် ဝန်ကြီး
တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောပြပါတယ်။

“ဘီဘီစီက ကျော်သူရ၊ ဒီဗွီဘီတီဗွီက ကိုခင်မောင်လတ်၊ အာရ်အက်ဖ်အေက
ကိုဇာနည်၊ နောက် ချင်းသတင်းဌာနက တယောက်။ အဲဒီနေရာက သတင်းသမားတွေ မလာရဘူးဆိုပြီး လုပ်ထားတဲ့နေရာ။ အဲဒါကြောင့်။”

တကယ်တော့ တရုတ်အစိုးရက မကြာသေးခင်က တိဘက်မှာ အကြမ်းဖက်နှိမ်နင်းမှု
တွေကို ကန့်ကွက်တဲ့အနေနဲ့ တိဘက်အရေး လှုပ်ရှားသူတွေက ဆန္ဒပြလှုပ်ရှားမှုတွေ
လည်း ရှိခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မန်ဘိုင်းမှာဆိုရင်လည်း တိဘက်အရေးလှုပ်ရှားသူ ၂၅ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီလိုလှုပ်ရှားမှုတွေနဲ့အတူ အာဏာပိုင်တွေဘက်က အရေးယူဖမ်းဆီးမှုတွေကလည်း အစောပိုင်းကတည်းက ရှိနေခဲ့တယ်လို့လည်း ဒေါက်တာတင့်ဆွေက ပြောပြပါတယ်။

“မနက်က ၁၁ နာရီမှာ တိဘက်မိတ်ဆွေများအဖွဲ့က ဦးဆောင်ပြီး မဟတ္တမဂန္ဒီရဲ့ ဗိမာန်
ကနေပြီး မြို့ထဲ ပါလီမန်လမ်းမကြီး ချီတက်ပွဲတခုရှိပါတယ်။ ဒါ စင်ပြိုင်လမ်းလျှောက်ပွဲ
လို့ ခေါ်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ တကယ့် အိုလံပစ်မီးရှူးတိုင်သွားမယ့်နေရာ
ကျတော့ ဘယ်သူ့မှလာခွင့်မပြုတာကိုး။ အဲဒီဆန္ဒပြပွဲလည်းရှိတယ်။ နောက် မနေ့က
တိဘက်တွေ သံရုံးကိုဝင်ဖို့ ကြိုးစားမှုမှာ အဖမ်းခံရတာတွေရှိတယ်။”

ဒီလိုအခြေအနေတွေ ရှိနေတာကြောင့်လည်း အိန္ဒိယအာဏာပိုင်တွေဘက်က လုံခြုံရေး အစီအမံတွေကို အကြီးအကျယ် စီမံထားတာဖြစ်ပြီးတော့ ရဲတပ်ဖွဲ့ဝင်အင်အား
တသောင်းခွဲကိုလည်း မြို့တော် နယူးဒေလီမှာ ချထားတာပါ။ နယူးဒေလီမြို့ရဲ့ ဒီကနေ့ အခြေအနေနဲ့ပတ်သက်လို့ ဒေါက်တာတင့်ဆွေက ပြောပြရာမှာတော့ …

“အိန္ဒိယရဲ့ အရေးကြီးဆုံးနေ့ဖြစ်တဲ့ Republic Day လို့ခေါ်တဲ့ လွတ်လပ်ရေးနေ့မှာယူတဲ့ လုံခြုံရေးနည်းစနစ်အတိုင်းပဲယူထားတယ်။ လုံခြုံရေး စည်းဝိုင်းတဝိုင်းထားပြီး
တင်းကျပ်ထားတယ်။ သတ်မှတ်ထားတဲ့လူကလွဲရင် ဘယ်သူမှမလာရဘူး။ သတင်း
သမားလည်း မလာရဘူး။ သူတို့နိုင်ငံသားလည်း မလာရဘူး။ သူတို့ ဗွီအိုင်ပီတောင်
မလာရဘူး။ အတွင်းဆုံးစည်းကလည်း တရုတ်ကွန်မန်ဒိုတွေ၊ ဒုတိယစည်းကမှ အိန္ဒိယ
က အထူးလုံခြုံရေးအဖွဲ့၊ တတိယစည်းက ရဲ၊ သုံးဝိုင်း ဝိုင်းထားတော့ မလာရဘူး။
သမ္မတအိမ်ရှေ့မှာ ဘယ်သူမှမလာရဘူး။ အနားကို မကပ်ရဘူး။”

နွေရာသီ ဘေဂျင်းအိုလံပစ် အားကစားပွဲတော်မှာ ထွန်းညှိမယ့် မီးရှူးတိုင်ရောက်လာတဲ့
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့က အခြေအနေနဲ့ပတ်သက်လို့ အဝေးရောက်
ညွန့်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောပြခဲ့တာပါ။ အခု အိန္ဒိယနိုင်ငံ
ခရီးစဉ်အပြီး ဒီကနေ့နှောင်းပိုင်းမှာတော့ ထိုင်းနိုင်ငံကို ဆက်လက်လှည့်လည်မှာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG