သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်မှာ ညီညွတ်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သာသာနာ့ဥသျှောင်အဖွဲ့ တိုက်တွန်း


နှစ်သစ်မှာ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သာသနာ့ဥသျှောင်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ လာမယ့် မေလ
၁၀ ရက် မြန်မာနိုင်ငံမှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ တပ်မတော်သားတွေအနေနဲ့
လည်း ကန့်ကွက်မဲပေးဖို့ သာသာနာ့ဥသျှောင်အဖွဲ့က တိုက်တွန်းပါတယ်။ အပြည့်အစုံ
ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် မေလ ၁၀ ရက်နေ့ မြန်မာနိုင်ငံမှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ မြန်မာ့ တပ်မတော်သားတွေအနေနဲ့ ပြည်သူလူထုနဲ့လက်တွဲပြီး စစ်အစိုးရ အာဏာတည်မြဲရေး
ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးဖို့ သာသနာ့ဥသျှောင်အဖွဲ့က တိုက်တွန်း
လိုက်တာပါ။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ သာသနာ့ဥသျှောင်အဖွဲ့ ဒု- အတွင်း
ရေးမှူး အရှင်အဂ္ဂဓမ္မက အခုလို မိန့်ကြားပါတယ်။

“ယခုလို နှစ်သစ်ကူးမှာ မြန်မာပြည်က ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူ
ပြည်သား တပ်မတော်သားအားလုံး ကျန်းမာကြပါစေလို့ နှစ်သစ်ကူးမှာ မေတ္တာပို့ပါ
တယ်။ ယခုလို နှစ်သစ်ကူးမှနေ၍ လာမယ့် မေလ လူထုဆန္ဒခံယူပွဲမှာ မဲပေးကြတဲ့အခါ တပ်မတော်သားတွေကလည်း ပြည်သူ့ဘက်ကပါဝင်ပြီး ကန့်ကွက်မဲပေးကြ၍ ပြည်သူ
နှင့် တပ်မတော် ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီပန်းတိုင်ကို လှမ်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါသည်။”

မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရက အာဏာကို အဓမ္မစွဲကိုင်ဖို့ ကြိုးပမ်းနေသမျှတော့
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ ပေါ်လာမှာမဟုတ်ဘူးလို့ သာသနာ့ဥသျှောင်အဖွဲ့က ဆရာတော်တွေက မိန့်ကြားပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက ပြည်သူလူထုရဲ့
ညီညွတ်မှုနဲ့သာ တည်ဆောက်နိုင်မယ်လို့လည်း ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြား
ပါတယ်။

“နိုင်ငံတော်အစိုးရဟာ အာဏာကို အပိုင်စီးချင်တဲ့ပုံစံနဲ့ လုပ်နေတဲ့အခါကြတော့
ရုတ်တရက် အေးချမ်းသွားတာမျိုးတော့ ဖြစ်မှာမဟုတ်ဘူးလို့ ဘုန်းဘုန်းတို့မြင်တယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူပြည်သား
တွေက ညီညီညွတ်ညွတ်နဲ့ စုစည်းပြီး ဝိုင်းဝန်းတိုက်ကြမယ်ဆိုရင်တော့ ငြိမ်းချမ်းမှုကြီး
တခုကို ရရှိမယ်။ မညီညွတ်ကြဘူးဆိုရင် လက်ရှိအခြေအနေကထက် ပိုပြီးတော့
ဆိုးလာလိမ့်မယ်လို့ အဲလို ယုံကြည်ချက် ရှိပါတယ်။”

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ သာသနာ့ဥသျှောင်အဖွဲ့
ဒု- အတွင်းရေးမှူး အရှင်အဂ္ဂဓမ္မရဲ့ နှစ်သစ်ကူးဆုတောင်းနဲ့ မျှော်လင့်ချက်တွေ
အကြောင်း မိန့်ကြားသွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG