သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ လူထုဆန္ဒခံယူပွဲ တရားဥပဒေနဲ့ကိုက်ညီမှု မရှိလို့ ဗြိတိန် ဝေဖန်


ရှေ့လ လူထုဆန္ဒခံယူပွဲမှာ တင်ပြမယ့် ဖွဲ့စည်းပုံ မူကြမ်းဟာ တရားဥပဒေနဲ့ ကိုက်ညီပြီး အဖွဲ့အစည်းအားလုံး ပါဝင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ အထူး သံတမန်က ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းရဲ့ မြန်မာပြည် ဆိုင်ရာ အထူး သံတမန် မိုက်ကယ် ဝီလီယံမ်း(စ်) က မေလ ၁၀ ရက်နေ့ လူထုဆန္ဒခံယူပွဲ ကျင်းပရာကို နိုင်ငံခြား သတင်းထောက်များအား အကဲခတ်လေ့လာခွင့် စစ်အစိုးရဖက်က မပေးလို့ အကောင်းမမြင်နိုင်ဘူးလို့ ဆက်လက် ပြောဆိုပါတယ်။

၂၀၁၀ ခုနှစ်မှာ ပြုလုပ်မယ်လို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ အဲန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးလို့ စစ်အစိုးရက တားမြစ်ထားတာကြောင့် အဲဒီ ဖွဲ့စည်းပုံမူကြမ်းကို နိုင်ငံတကာက ပြစ်တင်ဝေဖန်နေပါတယ်။

စစ်အစိုးရ အာဏာမြဲရေးအတွက်သာ ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း စမ်းစစ်သူများက ထောက်ပြဝေဖန် ထားပါတယ်။ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆန္ဒခံယူပွဲ ကန့်ကွက်မဲ ပေးကြဖို့ တိုက်တွန်းနိုးဆော်ထားပြီး “NO” ဆိုတဲ့ ကန့်ကွက်မဲပေးခြင်း စာလုံးပါတဲ့ တီရှပ်
ဝတ်ထားသူ လူငယ် ၂၃ ထက်မနည်း အင်္ဂါနေ့က အဖမ်းခံလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG