သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ် ပြန်ရေတွက်နေပြီ


ဇင်ဘာဘွေမှာ အငြင်းပွားစရာဖြစ်နေတဲ့ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲရလဒ်တချို့ကို ဇင်ဘာဘွေ ရွေးကောက်ပွဲဆိုင်ရာ တာဝန် ရှိသူတွေ ပြန်လည်ရေတွက်နေကြပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေကတော့ ဒီလုပ်ရပ်ကို တရားမဝင်ဘူးလို့ ပြောဆိုကြပါတယ်။

မဲဆန္ဒနယ် ၂၃ ခုကမဲတွေကို ပြန်လည် ရေတွက် နေပြီး ရလဒ်သစ်ထွက်လာရင် ပြီးခဲ့တဲ့လတုန်းက မဲရေတွက်မှုအရ အတိုက်အခံ Movement for Democratic Change ပါတီက ပါလီမန်မှာ အမတ်နေရာ အများစုရထားတဲ့ အနေအထားဟာ ပြောင်းလဲသွားနိုင်ပါတယ်။

MDC ပါတီခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangirai) က မဲပြန်ရေတွက်တာကို AL Jazeera ရုပ်သံနဲ့ စနေနေ့က မေးမြန်းခန်းမှာ သူ သဘောမတူဘူးလို့ ပယ်ချခဲ့ပါတယ်။

သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) ရဲ့ Zanu-PF ပါတီဟာ မတ်လ ၂၉ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အမတ်နေရာတွေကို ပြန်ပြီးရအောင် မဲပြန်ရေတွက်နေတာ ဖြစ်တယ်လို့ မစ္စတာ ရှန်ဂရိုင်းက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က ခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ MDC ပါတီကတော့ မစ္စတာ ရှန်ဂရိုင်းဟာ မစ္စတာ မူဂါဘီကို အနိုင်ရခဲ့တယ်လို့ ပြောပါတယ်။ ကင်ညာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) က ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်နေတဲ့ပြဿနာဟာ ဒေသတွင်း အန္တရာယ်အဖြစ် ခြိမ်းခြောက်နေတယ်လို့ သတိပေးပြီး သူ့အဆို အန္တရာယ်ရှိတဲ့ အခြေအနေကို ဖြေရှင်းပေးဖို့ အာဖရိကနိုင်ငံတွေက ခေါ င်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG