သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် ဆန့်ကျင်ရေး အကြမ်းဖက်သူတွေကို ပစ်ခတ်ဖို့ နီပေါလုံခြုံရေးတွေကို အမိန့်ပေး


တရုတ် ဆန့်ကျင်ရေးလှုပ်ရှားသူတွေ အနေနဲ့ အကြမ်းဖက်မှုတွေ အသွင်လုပ်ဆောင်တာတွေ ရှိလာမယ်ဆိုရင် ပစ်ခတ်ဖို့ နီပေါနိုင်ငံ ဧဝရက် တောင်ခြေက အိုလံပစ်မီးရှုးတိုင်ကို အစောင့်အကြပ်ချထားတဲ့ ရဲနဲ့ စစ်သားတွေကို အမိန့်ပေးထားတယ်လို့ နီပေါနိုင်ငံက ပြောဆိုလိုက်ပါတယ်။ မေလဆန်းပိုင်းမှာ တရုတ်တောင်တက်သမားတွေက ဧဝရက်တောင်ထွတ် ပေါ်ကို မီးရှုးတိုင် သယ်ဆောင်သွားဖို့ ပြင်ဆင်ထားတာဖြစ်ပြီး၊ တခြားတောင်တက်သမားတွေ ကိုတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၆ ထောင် ၅ ရာမီတာမြင့်တဲ့ တောင်ပေါ်ကို မေလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။

ဒီအတောအတွင်း သြစတြေးလျနိုင်ငံမြို့တော် ကင်ဘာရာကို ကြာသပတေးနေ့ ရောက်ရှိလာမယ့် မီးရှုးတိုင်ကို ကန့်ကွက်ဆန္ဒပြကြမယ့် တိဘက်လိုလားသူ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသမားပေါင်း ၁ သောင်းလောက်ရဲ့ ရန်က ကာကွယ်ဖို့ အကာအကွယ်အတားအဆီးတွေကို အကြီးအကျယ် ချထားပါတယ်။

XS
SM
MD
LG