သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်ဆောင်မြန်မာတွေ ဆန္ဒခံယူပွဲအတွက် မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေးနိုင်ကြ


မြန်မာနိုင်ငံမှာ မေလ ၁၀ ရက်နေ့ စတင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို
ပြည်ပမှာတော့ သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးတွေက ကြီးကြပ်ပြီး ကြိုတင်ဆန္ဒမဲ
တွေပေးဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေမှာတော့ ဒီရက်ပိုင်းတွေအတွင်း ကြိုတင်ဆန္ဒမဲပေးတာတွေ လုပ်သွားမှာဖြစ်ပါတယ်။ ဒီမို
ကရေစီလိုလားတဲ့ မြန်မာတွေအကြားမှာ စုပြီး ကန့်ကွက်မဲတွေ သွားထည့်ကြဖို့ လှုံ့ဆော်နေကြပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက ကြိုတင်ဆန္ဒမဲပေးပွဲ အခြေ
အနေတွေကို ဘန်ကောက်မြို့ကနေ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြ
ပေးထားပါတယ်။

အာဆီယံနိုင်ငံတွေထဲက မလေးရှားနိုင်ငံကတော့ မနေ့ ၁၉ ရက်နေ့ကတည်းက
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှာ ဆန္ဒမဲပေးဖို့ စီစဉ်ထားပြီး လာမယ့်
၂၇ ရက်နေ့အထိ ၉ ရက်ကြာ မလေးရှားမှာရှိတဲ့ မြန်မာတွေဆီက ဆန္ဒမဲကောက်ခံနေ
တယ်လို့ သံရုံးကိုသွားခဲ့တဲ့ မလေးရှားရောက် မြန်မာတဦးက ပြောပါတယ်။ ဒါပေမယ့် မလေးရှားမှာရှိတဲ့ မြန်မာတွေဆီကို တရားဝင်စာပို့ အကြောင်းကြားတာမျိုးမရှိဘဲ သံရုံး
လာပြီး အခွန်ဆောင်သူတွေ၊ ပတ်စပို့သက်တမ်း လာတိုးသူတွေကိုပဲ ဆန္ဒခံယူပွဲ မဲပေး
ဖို့စာတွေ သံရုံးကနေ ပေးခဲ့တာလို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာတော့
မနက်ဖြန် ၂၂ ရက်နေ့ကစလို့ ဆန္ဒမဲတွေ ကောက်ခံမယ်လို့ သိရပါတယ်။ ထိုင်းမှာ
လည်း အလားတူပါ။ မြန်မာတွေကို ကြိုတင်စာပို့တာ၊ ကြိုတင်အသိပေး အကြောင်း
ကြားတာမရှိဘဲ သံရုံးမှာပဲ စာကပ်ထားတယ်လို့ သိရပါတယ်။

“သံရုံးထဲမှာတော့ စာကပ်ထားတယ်၊ နိုင်ငံ့ရေးရာ ကဏ္ဍမှာ။ မနက်ဖြန်တဲ့။ တရားဝင် စာပေးတာတော့ မရှိဘူးတဲ့။ နီးစပ်ရာပဲပြောတယ်လို့ ပြောတယ်။”

မဲပေးရမယ့်ရက်၊ အချိန်၊ စည်းမျဉ်းနဲ့ပတ်သက်လို့ မေးနိုင်ဖို့ ဘန်ကောက် မြန်မာသံရုံး
ကို ဆက်သွယ်ပေမယ့် ဖြေကြားမယ့်သူမရှိပါဘူး။

ထိုင်းနိုင်ငံမှာ တရားဝင်နိုင်ငံကူးစာအုပ်နဲ့ လာရောက်အလုပ်လုပ်ကိုင်သူတွေ၊ ကျောင်း
လာတက်သူတွေ အတော်များများရှိပါတယ်။ ဒါပေမယ့် အများစုက အခုလို သံရုံးမှာ ကြိုတင်ဆန္ဒမဲပေးလို့ ရပြီဆိုတာကို မသိကြပါဘူး။ ဘန်ကောက်မြို့ ရမ်ကန်ဟန်
တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကိုကျော်လင်းဦးက အခုလိုပြောပါတယ်။

“ထိုင်းမှာ ကျနော်တို့ ကျောင်းသား၊ ကျောင်းသူ အသိုင်းအဝိုင်းတော့ ဘယ်စာမှမပို့ဘူး။
ကျနော်တို့ လက်လှမ်းမီတဲ့ ဒီမှာအလုပ်လုပ်နေတဲ့ မြန်မာဆရာ၊ ဆရာမတွေ မေးကြည့်
တော့လည်း သူတို့ကိုလည်း စာမရောက်ဘူးလို့ ပြောတယ်။ မဲဘယ်နေ့ပေးရမယ်ဆိုတာ မသိခင်ကတည်းက ကျနော်တို့အချင်းချင်း ပြောနေကြတာတော့ ရှိပါတယ်။ မဲပေးခွင့်
ရရင်တော့ တစုတစည်းတည်း သွားပေးကြမယ်ပေါ့။ အထူးသဖြင့် ဒီမှာကျောင်းတက်
နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ပေါ့။”

ဘယ်လိုမဲပေးမှာလဲခင်ဗျ၊ ကန့်ကွက်မဲလား၊ ထောက်ခံမဲလား။

“အဓိက ကျနော်တို့အုပ်စုအတွင်းက အများစုကတော့ ကန့်ကွက်မဲသွားပေးကြမှာပါပဲ။
သူတို့အနေနဲ့ မဲခိုးတာ၊ မဲလိမ်တာကတော့ ကျနော်တို့ မသိဘူးပေါ့လေ။ အဲဒါတော့
တပိုင်းပေါ့။ ဒါပေမယ့် ကျနော် လက်လှမ်းမီသလောက် တော်တော်များများကတော့
မဲပေးခွင့်ရရင် ဒီမှာရှိတဲ့ ဆရာ၊ ဆရာမတွေတောင်မှ ကန့်ကွက်မဲသွားပေးဖို့ စိတ်အား ထက်သန်နေတယ်လို့ ကျနော်တို့ သိရပါတယ်။”

တခြားနိုင်ငံတွေ တော်တော်များများနဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် သံရုံးတွေက
မဲပေးလို့ရတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်သွယ်ပြီး စာတွေဘာတွေပို့တယ်။ အခု
ထိုင်းနိုင်ငံမှာ အဲလိုမပို့ဘူးဆိုတာ ကိုကျော်လင်းဦးအနေနဲ့ ဘာကြောင့်လို့ ထင်လဲ။

“တခြားနိုင်ငံနဲ့မတူတာ ကျနော်တို့ဆီမှာက ကျောင်းသူ၊ ကျောင်းသားဆိုလည်း လိပ်စာ
တွေဘာတွေ သူတို့ဆီမှာ မရှိနိုင်ဘူး၊ သံရုံးက စာရင်းမှာ။ ပထမတော့ ကျနော်တို့
ထင်တာ ဆရာ၊ ဆရာမတွေလိပ်စာလောက်တော့ ရှိမယ်လို့တွက်တာ။ ဒါပေမယ့် အဲဒီ
ကိုလည်း မပို့ဘူးဆိုတော့ ကျနော်ထင်တာ ထိုင်းသံရုံးအနေနဲ့ကိုက သူတို့အနေနဲ့ ဒီမှာ မဲပေးခွင့်ပြုလိုက်လို့ရှိရင် ကန့်ကွက်မဲတွေ တော်တော်များများရလာလိမ့်မယ်လို့ မျှော်လင့်ပြီးသားဖြစ်လိမ့်မယ်ထင်တယ်။ အလုပ်သဘောလောက် စာကပ်တဲ့အလုပ်
လောက်ပဲ လုပ်ထားပြီး ပေးချင်တဲ့လူ လာပေးဆိုတဲ့သဘောများ ဖြစ်နေမလားတော့
မသိဘူး။”

စင်ကာပူနိုင်ငံမှာတော့ အခုလာမယ့် ဧပြီလ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ မြန်မာ
တွေ သံရုံးမှာ မဲပေးကြရမှာပါ။ စင်ကာပူ မြန်မာသံရုံးကို ဆက်သွယ်တော့ ဖြေကြား
မယ့် မြန်မာနိုင်ငံသားဝန်ထမ်းမရှိဘဲ သံရုံးမှာအလုပ်လုပ်နေတဲ့ စင်ကာပူနိုင်ငံသား
တဦးကပဲ အခုလို အဖြေပေးပါတယ်။

“အခု ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မဲလာပေးလို့ရတယ်။ နိုင်ငံကူးလက်မှတ်
ယူလာဖို့ပဲ လိုပါတယ်” လို့ ပြောသွားတာပါ။

စင်ကာပူမှာတော့ ထိုင်းတို့ မလေးရှားတို့လိုမဟုတ်ဘဲ မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသား
တွေကို ကြိုတင်စာပို့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဥပဒေအရ
စင်ကာပူမှာ မဲပေးခွင့်ရှိတဲ့ မြန်မာလူမျိုးအရေအတွက်နဲ့ သံရုံးစာရင်းပေါက်တာနဲ့ ကွဲလွဲ မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပဲ သံရုံးသွားပြီး သံရုံးတာဝန်ရှိသူတွေ
နဲ့ ကိုယ်တိုင်မေးမြန်းစုံစမ်းခဲ့တဲ့ စင်ကာပူက ကိုဝဏ္ဏကို မေးကြည့်ပါတယ်။

“စာတွေပို့တယ်ဆိုတာ သူတို့မှာ List ထုတ်လိုက်တယ်ဗျာ။ မဲပေးပိုင်ခွင့်ရှိသူစာရင်း
ဆိုပြီး။ အဲဒီစာရင်းအရ သူတို့ဆီမှာ တသောင်းကျော်လောက်ရှိတယ်လို့ သိရတယ်။
ဒါပေမယ့် တကယ်တမ်း စင်ကာပူမှာရှိနေတာ လူက သုံးသောင်းနဲ့ငါးသောင်းကြားမှာ
ရှိနေတာကိုး။”

ခုန သံရုံးကအမျိုးသမီးကိုမေးလို့ သူပြောတော့ မြန်မာပတ်စ်ပို့ယူလာရင် မဲပေးလို့
ရတယ်လို့ ပြောပါတယ်။

“ဒီနေ့ပဲ ကျနော် သံရုံးကအရာရှိတယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့က မဲပေးတဲ့
လူဟာ ပတ်စ်ပို့ သို့မဟုတ် ပတ်စ်ပို့မိတ္တူ ယူလာဖို့လိုတယ်လို့ ပြောတယ်။ ဒါပေမယ့်
ယူလာပြီးရင် သံရုံးမှာ သူတို့ထုတ်ထားတဲ့ မဲပေးပိုင်ခွင့်ရှိသူ တသောင်းကျော်စာရင်းနဲ့ တိုက်ကြည့်ပြီးတော့ အဲဒီစာရင်းမှာပါမှ မဲပေးခွင့်ရှိတယ်လို့ ပြောပါတယ်။”

မဲရေတွက်မယ့်ကိစ္စကိုရော သူတို့ဘာပြောလဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးပြီး
သွားရင် မဲရေတွက်တဲ့အခါ ဆန္ဒမဲပေးထားတဲ့လူတွေရှေ့မှာ မဲရေတွက်ရမယ်လို့
ပြောထားတာကိုး။

“ပြီးခဲ့တဲ့တပတ်လောက်က ကျနော် သံရုံးကို ဖုန်းဆက်ပြီးမေးထားတာရှိတယ်။ သံရုံးက
Receptionist ဖြေတာက မဲလာပေးလို့ရတယ်။ မဲပေးပြီးရင် တခုချင်းတခုချင်းကို ကြိုတင်မဲဖြစ်တဲ့အတွက် စာအိတ်ထဲမှာထည့်မယ်၊ ပြီးရင် မဲပုံးထဲမှာထည့်မယ်။ မဲကို
ဒီမှာမရေဘူး။ မြန်မာပြည်ကိုပို့ပြီးမှရေမယ်လို့ ပြောပါတယ်။ ပြီးရင်လည်း စင်ကာပူ
အနေနဲ့ မဲဘယ်လောက်ပေးတယ်၊ ကန့်ကွက်မဲဘယ်လောက်၊ ထောက်ခံမဲ
ဘယ်လောက်ဆိုပြီး စင်ကာပူအနေနဲ့ ကန့်သတ်ပြီး ကြေညာမှာမဟုတ်ဘူးလို့လည်း
ပြောပါတယ်။”

စင်ကာပူနိုင်ငံမှာတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာတစုတဝေးနဲ့ သံရုံးသွားပြီး ကန့်ကွက်မဲထည့်ကြဖို့ ဒီမိုကရေစီရေး တက်ကြွလိုလားသူတွေက လှုံ့ဆော်စည်းရုံးနေ
ပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ကြိုတင်ဆန္ဒမဲပေးရမယ့်ရက်ကို မြန်မာအတော်
များများ သိနေကြပေမယ့် ထိုင်းနဲ့ မလေးရှားမှာတော့ ရှင်းရှင်းလင်းလင်း ကြိုတင်
အသိပေး စာပို့တာတွေမရှိတော့ မဲပေးခွင့်ရှိတဲ့ မြန်မာအများစုကိုယ်တိုင် ဘယ်တော့ ကြိုတင်မဲပေးရမယ်ဆိုတာ မသိကြပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင်လည်း မြန်မာလူမျိုး အများအပြားရှိပေမယ့် အနည်းစုပဲ တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်နိုင်ကြ
တာပါ။ ဒါကြောင့် နိုင်ငံကူးလက်မှတ်မရှိဘဲ ထိုင်းအလုပ်သမားလက်မှတ်နဲ့ပဲ လာအလုပ်
လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မဲပေးခွင့်ရှိမရှိဆိုတာလည်း မရှင်းမလင်း
ဖြစ်နေပါတယ်။ အချို့ကတော့ ထိုင်းက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်မလိုဘဲ မြန်မာနိုင်ငံသားမှတ်ပုံတင်နဲ့ မဲလာပေးလို့ရတယ်လို့လည်း သံရုံးအသိုင်းအဝိုင်းဘက်
က ပြောတာဆိုတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG