သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်န်ဆယ်လ် ဗေးနီးယား ဒီမိုကရက် ပဏာမရွေးကောက်ပွဲမှာ  အမတ် ကလင်တန်အနိုင်ရ


အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ပြိုင်ခွင့်ရရှိရေး ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပဏာမရွေးကောက်ပွဲမှာ အနိုင်ရလိုက်လို့ လွှတ်တော် အမတ် ဟီလာရီ ကလင်တန်ဟာ ဆက်လက်မဲဆွယ် သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ယခင် သမ္မတ ကတော် ဟီလာရီရဲ့ ပြိုက်ဖက် အီလီနွိုက်ပြည်နယ် အထက်လွှတ်တော်အမတ် ဘားရက် အိုဗားမားကို အမှတ် ၁၀ရာခိုင်နှုန်းနဲ့ ဖြတ်ပြီး နိုင်လိုက်တာပါ။

ထောက်ခံကြသူများအား ကျေးဇူးတင်စကားပြောကြားရင်း နယူးယောက်အထက်လွှတ်တော် အမတ် ဟီလာရီ ကလင်တန်က ဆက်မပြိုင်တော့ဘဲ ဘေးဖယ်လိုက်ပါတော့လို့ ပြောနေတဲ့ ကြားကပဲ ပင်ဆယ်လ်ဗေးနီးယားမှာ အခုလို နိုင်လိုက်လို့ အပြောင်းအလဲ ဖြစ်လာပြီး ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်မှာ နိုင်လိုက်တဲ့ ဟီလာရီ ကလင်တန်အား ဘားရက် အိုဗားမားက ချီးကျူးဂုဏ်ပြုလိုက်ပြီးတော့ ရီပတ်ဗလစ်ကန် ပါတီဖက်က သမ္မတလောင်း ဂျွန် မက်ကိန်း ကိုသာ အီရက်စစ်ပွဲနဲ့ ပတ်သက်ပြီးတော့ ဝေဖန် တိုက်ခိုက်စည်းရုံးနေပါတယ်။

XS
SM
MD
LG