သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြောင်က လူတသန်း စားနပ်ရိက္ခာ ပြတ်တောက်မယ့်အရေး ကုလသမဂ္ဂ သတိပေး


အစ္စရေးက လောင်စာဆီအသစ်ထောက်ပံ့မှုကို
ခွင့်မပြုမချင်း ကုလသမဂ္ဂ ပါလက်စတိုင်း
ဒုက္ခသည်များဌာနက အစားအသောက် ဖြန့်ချိ
တာကို ရပ်ဆိုင်းထားရတော့မယ်လို့ ဆိုပါတယ်။

ဂါဇာနယ်စပ်က အစ္စရေးဆီလှောင်ကန်ကို
စစ်သွေးကြွတွေက တိုက်ခိုက်အပြီး လောင်စာ
ဆီထောက်ပံ့မှုကို အစ္စရေးက ဖြတ်တောက်ထား ခဲ့တာဖြစ်ပါတယ်။ အဲသလို ပြတ်တောက်သွားခဲ့
တာအတွက် ဟားမာ့စ်ကိုအပြစ်တင်ဖို့ အစ္စရေး
က ပြောပါတယ်။

အစားအသောက် အကူအညီပေးမယ့် ကားတွေအတွက် လောင်စာဆီ လိုအပ်နေကြပါ
တယ်။ အလားတူ ဆေးရုံ၊ ဆေးခန်းတွေအတွက်လည်း လောင်စာဆီ လိုအပ်နေပါ
တယ်။

အခြားသတင်းတရပ်မှာတော့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်နိုင်ဖို့အတွက် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ် (Mahmoud Abbas) ဟာ အမေရိကန်
သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဘယ်သဘောတူညီချက်ပဲဖြစ်ဖြစ် ပါလက်စတိုင်းနိုင်ငံတော်တရပ် ဖန်တီးဖို့ တိကျတဲ့အချိန်ဇယားတရပ် ပါရှိရမယ်လို့ မစ္စတာအာဘတ်စ်က ပြောကြားပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးက အခြေချနေထိုင်ရေး ဆောင်ရွက်ချက်တွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အကြီးမားဆုံး အတားအဆီး ဖြစ်တယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) နဲ့ ဗုဒ္ဓဟူးနေ့က
တွေ့ဆုံစဉ် မစ္စတာအာဘတ်စ်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG