သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရအပေါ် ဥရောပသမဂ္ဂအရေးယူမှု နောက်ထပ် တနှစ်တိုးမည်


မြန်မာနိုင်ငံစစ်အစိုးရပေါ်မှာ ပြဌာန်းထားတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ပြီး သက်တမ်းတိုးဖို့ရန် အဖွဲ့ဝင် ၂၇နိုင်ငံပါရှိတဲ့ ဥရောပ သမဂ္ဂက တာဝန်ခံအရာရှိ တဦးက ပြောပြလိုက်ပါတယ်။ အီးယူရဲ့ လက်ရှိ ဥက္ကဌ တာဝန်ကိုယူထားတဲ့ ဆလိုဗေးနီးယား နိုင်ငံက နိုင်ငံခြားရေးဌာန ဥရောပရေးရာ ဝန်ကြီး ဂျဲနက် လန်နာစစ်က ရှေ့သတင်းပတ်မှာ လူဇင်ဘက် နိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးအတွင်း ပိတ်ဆို့မှုတွေကို သက်တမ်း တိုးမဲ့ ကိစ္စကို အီးယူ
ဝန်ကြီးတွေ ဆုံးဖြတ်တော့မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားသွားပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နောက်ထပ် နှစ်နှစ် သက်တမ်းတိုးလိမ့်မယ်လို့ သူမျှော်လင့်တဲ့ အကြောင်း ကိုလည်း ဝန်ကြီး လန်နာစစ်က ပြောကြားပါတယ်။ အရပ်သားအစိုးရ ရရှိရေးအတွက် လမ်းဖွင့်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အတိုက်အခံပေါ်မှာ နှိပ်ကွက်မှု တွေကို ရပ်တန့် ပေးဖို့ရန် အီးယူက မြန်မာနိုင်ငံ စစ်အစိုးရကို တိုက်တွန်းမယ်လို့ ဝန်ကြီး လန်နာစစ်က ပြောကြားလိုက်ပါတယ်။

မေလ ၁၀ရက်မှာ ကျင်းပမဲ့ လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး မြန်မာ့အတိုက်အခံများက ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းသစ်ကို လက်ခံ အတည်ပြုလိုက်ခြင်းအားဖြင့် စစ်အစိုးရရဲ့ အာဏာကို ပိုမိုတောင့်တင်း ခိုင်မာစေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG