သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂကားတွေ လောင်စာပြတ်၊ ဂါဇာက ဒုက္ခသည်တွေ ရိက္ခာအဖြတ်ခံရ


ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် အစားအသောက်တွေ
ပေးဝေတဲ့နေရာမှာသုံးတဲ့ ထရပ်ကားတွေ
လောင်စာဆီ ပြည့်ပြည့်၀၀မရှိတာကြောင့်
အစားအစာခွဲဝေမှုကို ကုလသမဂ္ဂက
ရပ်ဆိုင်းထားပါတယ်။

ကုလသမဂ္ဂကပေးနေတဲ့ အခြေခံ စားသောက်ကုန်တွေအပေါ် မှီခိုနေရတဲ့
ဒုက္ခသည် ၇ သိန်းလောက် အစားအသောက်
ထောက်ပံ့မှု ရတော့မှာမဟုတ်ဘူးလို့ ဂါဇာ
ဒေသက ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး
အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် အတ်ဒ်နန် အဘူ ဟတ်စ်နာ (Adnan Abu Hasna) က
ပြောခဲ့ပါတယ်။

ရှိသမျှလောင်စာဆီအားလုံးဟာ ကြာသပတေးနေ့မှာ ကုန်သွားခဲ့ပြီလို့ ကုလသမဂ္ဂ
အေဂျင်စီက ပြောပါတယ်။ ဆေးရုံတွေနဲ့ ဆေးပေးခန်းတွေမှာလည်း လောင်စာဆီ
မလုံလောက်တဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

အခုလို အစ္စရေးဘက်က ဂါဇာမှာ လောင်စာဆီဖြန့်ဖြူးမှုကို ရပ်ဆိုင်းလိုက်တဲ့အပေါ်
မကျေနပ်ကြတဲ့ ဂါဇာဒေသခံတွေက လောင်စာဆီ ဆက်ပြီးရနေသေးတဲ့နေရာတွေကို ပိတ်ဆို့ထားတဲ့အတွက် အခြေအနေ ပိုပြီးရှုပ်ထွေးနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂ အေဂျင်စီအတွက် အရေးပေါ်လောင်စာဆီ
တင်ဆောင်လာတဲ့ ဆီတင်ကားတစီးကို ဒေသခံလယ်သမားတွေက ဗုဒ္ဓဟူးနေ့က
ပိတ်ဆို့ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG