သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ဆီးရီးယား ညူကလီးယားကိစ္စ အမေရိကန်လွှတ်တော် မေးခွန်းထုတ်


မြောက်ကိုရီးယားနိုင်ငံဟာ ဆီးရီးယားကို
ညူကလီးယား လက်နက်အထောက်အပံ့တွေ ပေးကောင်းပေးခဲ့နိုင်တယ်လို့ ရည်ညွှန်းတဲ့ ထောက်လှမ်းရေးသတင်းတွေနဲ့ပတ်သက်
ပြီး အမေရိကန်အစိုးရ အရာရှိတွေ ကွန်ဂရက်စ်လွှတ်တော်မှာ မနေ့က ရှင်းလင်း
ခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံကတော့ ညူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်
ရေးအတွက် မြောက်ကိုရီးယားက အကူအညီ တွေပေးနေတယ်ဆိုတာ မဟုတ်ဘူးလို့
ငြင်းဆိုထားပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေကတော့ အမေရိကန်အစိုးရ အရာရှိတွေ ရှင်းပြတာ နောက်ကျတာကြောင့် စိတ်ပျက်လက်ပျက်
ဖြစ်မိတယ်လို့ ပြောဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့လည်း စိုးရိမ်မှုတွေ ရှိနေတယ်
လို့ ဆိုပါတယ်။ အမေရိကန်လွှတ်တော်ကနေ ဒန်န်ရော်ဘင်ဆင် (Dan Robinson) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆီးရီးယားနိုင်ငံ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို အစ္စရေးဘက်က
လေကြောင်းကနေ တိုက်ခဲ့တဲ့အချိန်ကတည်းက ကွန်ဂရက်စ်လွှတ်တော်အမတ်တွေက အမေရိကန်အစိုးရအနေနဲ့ သူတို့ကို သတင်းအချက်အလက်တွေ ပိုပြီးတင်ပြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကြားနာပွဲတွေအပြီး ကျင်းပတဲ့ ကြားနာပွဲမှာ အစ္စရေးဘက်က ညူကလီးယား
ဓာတ်ပေါင်းဖို တည်ဆောက်တယ်လို့ သံသယရှိတဲ့နေရာကို တိုက်ခဲ့တာဆိုတဲ့
သတင်းနဲ့ပတ်သက်လို့ အမေရိကန်အရာရှိတွေက သဘောထားတစုံတရာ ထုတ်ဖော်
ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

မနေ့က ကြာသပတေးနေ့ကတော့ အမေရိကန် လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ သိလိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ခရေစေ့တွင်းကျ အသေးစိတ် မေးမြန်းခွင့်ရခဲ့ပါ
တယ်။ အစ္စရေးဘက်က ဆီးရီးယားကို လေကြောင်းကတိုက်ခိုက်တဲ့အချိန်မှာ
မြောက်ကိုရီးယား အရာရှိတွေ၊ ဒါမှမဟုတ် နည်းပညာကျွမ်းကျင်သူတွေ အတိုက်ခိုက်
ခံရတဲ့နေရာမှာ ရှိနေခဲ့တာကို ပြသတဲ့ ဗွီဒီယိုသတင်းတွေနဲ့ ပတ်သက်လို့လည်း ရှင်းလင်းခဲ့ကြပါတယ်။

အမေရိကန်အောက်လွှတ်တော်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆီးရီးယားဆက်ဆံ
ရေးနဲ့ ပတ်သက်ပြီး စီစဉ်ထားတဲ့ ကြားနာပွဲအတွင်းမှာ ဆီးရီးယားနဲ့ မြောက်ကိုရီးယား
အရေးကိစ္စ အခုလို ပေါ်လာခဲ့တာဖြစ်ပါတယ်။

ကော်မတီဥက္ကဋ္ဌ ဂယ်ရီ အက်ခါမန်း (Gary Ackerman) ကတော့ အမေရိကန်အစိုးရ
အနေနဲ့ ဒီသတင်းအချက်အလက်ကို လွှတ်တော်မှာ ရှင်းမပြခင် သတင်းဌာနတွေကို ပေါက်ကြားခဲ့ပုံရတယ်လို့ အခိုင်အမာပြောဆိုပါတယ်။

“ကျနော်တို့အားလုံး ဘယ်သူမှ ဒီသတင်းကိုမရခင် ဒီရှင်းလင်းပွဲ မတိုင်ခင်မှာ ဒီနေ့
မနက် ကျနော်တို့နိုင်ငံရဲ့ အဓိကသတင်းစာထဲမှာ ဒီသတင်းက ရုတ်တရက် ပါလာပါ
တယ်။ အစိုးရအရာရှိတွေအနေနဲ့ သီးသန့်ရွေးပြီး ထုတ်ပြန်ရမယ့် သတင်းအချက်
အလက်တွေ၊ ကွန်ဂရက်စ်လွှတ်တော်နဲ့ ကော်မတီဥက္ကဋ္ဌတွေတောင် မသိသေးတဲ့ အချက်အလက်တွေ သတင်းထဲမှာ ပါလာပါတယ်။”

အခုလို အစိုးရဘက်က သတင်းအချက်အလက်ပေးဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး
လက်ရှိ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်လွှတ်တော်
အမတ် ဆေးလ်ဗက်စ်ထရီ ရေးစ် (Silvestre Reyes) ကလည်း ဒေါသနဲ့ တုံ့ပြန်ပြောဆို
ခဲ့ပါတယ်။ ရီပတ်ဘလင်ကန်ဘက်က ဦးစီးဦးဆောင်တယောက်ဖြစ်တဲ့ ပီတာ
ဟော့ကတ်စတြာ (Pete Hoekstra) ကလည်း စိတ်ဆိုးမာန်ဆိုး ပြောခဲ့ပါတယ်။

ရီပတ်ဘလင်ကန်အမတ် ပီတာ ဟော့ကက်စတြာက အိမ်ဖြူတော်ကနေ နောက်ထပ်
ကြေညာချက် ထွက်လာမလားဆိုပြီး စောင့်နေခဲ့တဲ့ သတင်းထောက်တွေကို ထိန်းထိန်း
သိမ်းသိမ်း ပြောဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အစိုးရအနေနဲ့ ကွန်ဂရက်စ်
လွှတ်တော်ကို ရှင်းပြဖို့ နှောင့်နှေးကြန့်ကြာခဲ့တာနဲ့ ပတ်သက်ပြီး နောက်ကျစရာ
ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်။

“ဒါဟာ အလေးအနက်ထားရမယ့် လက်နက်ပြန့်ပွားရေးဆိုင်ရာ ကိစ္စပါ။ အရှေ့အလယ်
ပိုင်း အတွက်ရော၊ ပါဝင်ပတ်သက်တဲ့ အာရှနိုင်ငံတွေအတွက်ရော အရေးကြီးပါတယ်။”

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေနာ ပရီနို (Dana Perino) ကတော့ ကွန်ဂရက်စ်
လွှတ်တော်မှာ မေးကြတဲ့ သတင်းအချက်အလက်တွေကြောင့် မြောက်ကိုရီးယား
ညူကလီးယားအရေး ခြောက်နိုင်ငံဆွေးနွေးပွဲအတွင်းမှာ သူ့အဆိုရ အံ့အားသင့်ကြမှာ
မဟုတ်ဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ ညူကလီးယား အစီအစဉ်တွေကို ပြီးခဲ့တဲ့ သုံးလလောက်
ကတည်းက အပြည့်အ၀ ထုတ်ဖော်ကြေညာရမှာ ဖြစ်ပါတယ်။ ဒီလို ထုတ်ဖော်
ကြေညာတဲ့အခါ အခြားနိုင်ငံတွေက ညူကလီးယားနဲ့ ပတ်သက်လို့ ရယူတာ၊ တခြား နိုင်ငံတွေကိုပေးတာ ရှိမရှိဆိုတာကိုလည်း ထုတ်ဖော်ကြေညာရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG