သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှူးတိုင် တောင်ကိုရီးယားကနေ မြောက်ကိုရီးယားကို ခရီးဆက်မည်


ရဲအင်အား ၈,၃၀၀ ကျော် စောင့်ကြပ်တဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တော်က အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ပွဲဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပါတယ်။ ၂၄ ကီလိုမီတာရှည်တဲ့ ဒီပွဲမှာ အားကစားဝတ်စုံနဲ့ ရဲတွေက မီးရှူးတိုင်ကို စောင့်ကြပ် လိုက်ပါခဲ့ကြပါတယ်။

ထောင်နဲ့ချီတဲ့ဆန္ဒပြအုပ်စုနှစ်စုကြားမှာ ဝင် ရောက်တားဆီးတဲ့ ရဲတွေက ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားမှာ လာရောက် ပညာ သင်ကြားနေတဲ့ တရုတ်ကျောင်းသူကျောင်းသား ထောင်ပေါင်း များစွာက ဘေဂျင်းအိုလံပစ်ကို ထောက်ခံ ဆန္ဒပြကြရာမှာ ရာနဲ့ချီတဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရပါတယ်။

တိဘက်ကို တရုတ်က သိမ်းပိုက်ထားမှုနဲ့ မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရက မြောက်ကိုရီးယား အစိုးရကို ပြန်လည် လွှဲပြောင်းပေးတဲ့မူဝါဒတွေကို တရုတ် ဆန့်ကျင်သူတွေက ကြွေးကြော် ဆန္ဒပြကြပါတယ်။ တရုတ်အစိုးရက ပြန်ပို့တဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို မြောက်ကိုရီးယားအစိုးရက သေဒဏ်စီရင် အပြစ်ပေးလေ့ရှိပါတယ်။

အိုလံပစ်မီးရှူးတိုင်ဟာ ဆိုးလ်မြို့တော်ကနေ မြောက်ကိုရီးယားမြို့တော့ ပြုံယမ်းကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG