စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ
နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး
တိုးမြှင့်ဖို့ ထိုင်းနိုင်ငံကို မနက်ဖြန် ခရီးထွက်ပါလိမ့်
မယ်။
ဘန်ကောက်မှာ သုံးရက်တာနေထိုင်စဉ်အတွင်း
ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ထရာဝေး (Samak
Sundaravej) နဲ့ ဆွေးနွေးဖို့ရှိပါတယ်။
ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး၊
ပြည်ထဲရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ အလုပ်သမားရေးရာဝန်ကြီးနဲ့ ဆောက်လုပ်ရေး
ဝန်ကြီးများလည်း လိုက်ပါသွားမယ်လို့ ဆိုပါတယ်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါရဘူးဆိုတဲ့ ပိတ်ပင်ချက်
ကတော့ မြန်မာပြည်ရဲ့ပြည်တွင်းရေးမို့ မပြောလိုပေမယ့် လူထုဆန္ဒခံယူပွဲနဲ့
ပတ်သက်လို့တော့ ဒီခရီးအတွင်း ဆွေးနွေးကောင်း ဆွေးနွေးလိမ့်မယ်လို့ ထိုင်း
နိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမ (Nopidon Pattama) က သတင်းထောက်များကို ပြောကြားပါတယ်။