သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှုးတိုင် မြောက်ကိုရီးယားရောက်သွားပြီ


ကမ္ဘာတဝှမ်း လက်ဆင့်ကမ်း သယ်ဆောင်မှု ၁၈ ခုမြောက် ခရီးထောက်အဖြစ် မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းကို အိုလံပစ်မီးရှူးတိုင် ရောက်ရှိသွားခဲ့ပြီလို့ တရုတ်မီဒီယာတွေက ပြောကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ အထူးအစီအစဉ် နဲ့ ပြုံးယမ်းမြို့ကို ပျံသန်း သွားခဲ့တာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

ပြုံးယမ်း မီးရှူးတိုင် သယ်ဆောင်ပွဲဟာ ကမ္ဘာကို အံအားသင့်စေလိမ့်မယ်လို့ မြောက်ကိုရီးယား မီးရှူးတိုင် ယ်ဆောင်ရေး စည်းရုံးမှုကော်မီတီ အရာရှိတစ်ဦး ဖြစ်သူ Li Chong Sok က သတင်းထောက်တွေကို အရင်အပတ်က ပြောကြားခဲ့ပါတယ်။

မီးရှူးတိုင် က မီးကူး အခမ်းအနား ကို မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင်ဆုံး အရာရှိကြီးတွေ တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ၁၂ မိုင်ခရီးကို အားကစားသမား အယောက် ၈၀ က လက်ဆင့်ကမ်း သယ်ဆောင်ကြရာမှာ သိန်းချီတဲ့ လူတွေက တစ်ဘက်တစ်ချက်ကနေ ကြိုဆိုကြည့်ရှုကြမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်ပြီး ကန့်ကွက် ဆန္ဒပြတာတွေ မရှိဘဲ မီးရှူးတိုင် သယ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG