သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ အတိုက်အခံတွေ ပူးပေါင်းပြီး မူဂါဘီနုတ်ထွက်ရန် တောင်းဆို


ဇင်ဘာဘွေနိုင်ငံက အတိုက်အခံပါတီရဲ့ အုပ်စုကွဲ
နှစ်ခုတို့ ပြန်ပေါင်းလိုက်ကြပြီဖြစ်ပြီး ပြီးခဲ့တဲ့လက
ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်တယ်
ဆိုတာကို လက်ခံဖို့ သမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) ကို တိုက်တွန်းလိုက်ကြပါ
တယ်။

ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုပါတီ (MDC) ကိုတည်ထောင်သူ မော်ဂန် ချဗန်ဂရိုင်း
(Morgan Tsvangirai) နဲ့ ခွဲထွက်သွားတဲ့အုပ်စုရဲ့ ခေါင်းဆောင်ဟောင်း အာသာ မူတမ်ဘာရာ
(Arthur Mutambara) တို့ဟာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ
တနင်္လာနေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

ပြန်ပေါင်းလိုက်တဲ့အဖွဲ့အနေနဲ့ လွှတ်တော်ထဲမှာ လူများစုဖြစ်လိမ့်မယ်လို့ မစ္စတာ ချဗန်
ဂရိုင်းက ပြောပါတယ်။ ဥပဒေပြုမှုကို မထိန်းချုပ်နိုင်ဘဲနဲ့ သမ္မတမဖြစ်နိုင်ဘူးဆိုတာ
မစ္စတာမူဂါဘီ လက်ခံသင့်တယ်လို့ သူကပြောပါတယ်။

သီးခြားဖြစ်ထွန်းမှုတခုမှာတော့ မတ်လ ၂၉ ရက် ရွေးကောက်ပွဲက မဲတချို့ပြန်ရေတွက်
နေတာ ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ သမ္မတရွေးကောက်ပွဲရလဒ်တွေကို ဒီသီတင်းပတ်
အတွင်း ထုတ်ပြန်ပေးနိုင်မယ်လို့ ဇင်ဘာဘွေ ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG