အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့မှာ
သီတင်းသုံးနေတဲ့ မစိုးရိမ်တိုက်ဟောင်းဆရာတော်
ဘုရားကြီး ဘဒ္ဒန္တ ကောဝိဒ ဘိဝံသဟာ သက်တော်
၈၁ နှစ်အရွယ်မှာ ဘဝနတ်ထံ ပျံလွန်တာ်မူသွားပါပြီ။
အင်္ဂါနေ့နံနက်ပိုင်းက နှလုံးရောဂါဝေဒနာ ခံစားရတဲ့
အတွက် ဆေးရုံတင်ပြီး ကုသမှုခံယူနေစဉ်မှာပဲ နယူး
ယောက်ခ် ဒေသစံတော်ချိန် ၁ နာရီ ၇ မိနစ်ခန့်က
ခန္ဓာဝန်ချတော်မူသွားတာပါ။
ဆရာတော်ကြီးဟာ ပျံလွန်တော်မူချိန်အထိ သာသနာ့ဥသျှောင်အဖွဲ့ရဲ့ နာယက
ဆရာတော်အဖြစ် ဦးဆောင်မှုပေးခဲ့သူဖြစ်ပါတယ်။