မေလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပုံမူကြမ်းအတွက် ဆန္ဒမဲတွေပေးဖို့ မြန်မာစစ်အစိုးရက သတ်မှတ်ထားပေမယ့် အခုတော့ မြို့နဲ့ဝေးတဲ့ ကျေးရွာဒေသတွေမှာ ကြိုတင်မဲပေးတာ
တွေကို အတင်းအကျပ် လုပ်ခိုင်းနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မေလ ၁၀ ရက်နေ့မှာ တတိုင်းတပြည်လုံး ဆန္ဒမဲပေးကြဖို့ မြန်မာစစ်အစိုးရက ကြေညာ
ထားပေမယ့် မြို့ပြနဲ့ဝေးတဲ့ ကျေးလက်ဒေသတွေမှာ ကျေးရွာအာဏာပိုင်တွေရဲ့ စီမံမှုနဲ့ ကြိုတင်မဲတွေပေးနေရတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့က ဒေသခံ
တဦးက ဘားအံမြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာ ကြိုတင်မဲထည့်နေရတဲ့အကြောင်း
ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“လမ်းမနဲ့ဝေးပြီး အထဲကိုဝင်သွားရတဲ့ ရွာမျိုးတွေမှာပဲ ကြိုတင်မဲသဘောမျိုးလုပ်တယ်၊ ကျေးရွာလူကြီးတွေက။ ကြိုတင်မဲကြတော့ ရွာသူကြီးရှေ့မှာပဲ ပေးရတယ်။ သူတို့က
လျှို့ဝှက်မှမဟုတ်ဘဲကိုး။ မဟုတ်တော့ ကန့်ကွက်လို့မရဘူး။ ၁၀ ရက်နေ့ဆိုရင် သူတို့
က မဲရုံဆောက်ရမယ်လေ။ မဲရုံဆောက်ပြီး မဲရုံမှာ လျှို့ဝှက်မဲပေးမယ်ဆိုရင် ကန့်ကွက်
မဲတွေ ဘာတွေ ပါသွားနိုင်တယ်။ အခု သူတို့ရှေ့မှာဆိုတော့ ကန့်ကွက်မဲမပေးတော့ ထောက်ခံမဲတွေချည်းပဲ ဖြစ်ကုန်တာပေါ့။”
ဒါကတော့ ရွာတွေမှာဖြစ်တာပေါ့။ ဖွဲ့စည်းပုံမူကြမ်းအတွက် မဲပေးဖို့ကိစ္စကို ဘားအံမြို့
ထဲမှာ ထောက်ခံတာပဲဖြစ်ဖြစ်၊ ကန့်ကွက်တာပဲဖြစ်ဖြစ် စည်းရုံးတဲ့လှုပ်ရှားမှုတွေရော
ရှိပါသလား။
“ကန့်ကွက်တာကတော့ သိပ်ပြီး ပေါ်ပေါ်ထင်ထင်လုပ်လို့မရဘူး။ လုပ်ရင်လည်း သူတို့
က ဖမ်းတယ်ဆိုတော့။ ကိုယ့်နီးစပ်ရာပဲ တိုးတိုးတိတ်တိတ် နိုင်ငံရေးနဲ့ပတ်သက်ပြီး တက်ကြွတဲ့လူတွေက လုပ်တာလေးတွေတော့ရှိတယ်။ ထောက်ခံဖို့ကတော့ သူတို့ လုပ်လို့ရတယ်လေ။ မြို့တော်ခန်းမထဲမှာ ကျေးရွာလူကြီးတွေကိုခေါ်ပြီး ရွာမှာရှိတဲ့ မဲပေးနိုင်တဲ့လူအားလုံး မဲပေးရအောင်၊ လူကျန်မရှိ အားလုံး မဲပေးရမယ်။ ပေးလို့ရှိရင်
လည်း ထောက်ခံမဲပဲပေးရမယ်ဆိုပြီး သူတို့ကိုပြောထားတာတော့ရှိတယ်။”
ဒီကိစ္စအတွက် ဘားအံက အများစုကရော ဘယ်မဲကိုထည့်ဖို့ စိတ်ဝင်စားတာ တွေ့ရ
ပါလဲ။
“အရပ်ထဲမှာကတော့ လူတွေက ကန့်ကွက်မဲပဲ ပေးကြမှာပေါ့။ ကန့်ကွက်မဲပဲ ပေးမယ်
လို့ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဝင်စားတယ်ဆိုတာ ဒါက သူတို့အတွက် အခွင့်အရေးပေါ့။ အခွင့်အရေးဆိုတာ စစ်တပ်က ပြုမူနေတာတွေနဲ့ပတ်သက်ပြီး
သူတို့မှာ မကျေနပ်တာတွေရှိတယ်။ အထူးသဖြင့် သံဃာတော်တွေ လမ်းလျှောက်
ချီတက်ပြီး မေတ္တာပို့တဲ့ကိစ္စမှာ ကြမ်းကြမ်းတမ်းတမ်း လုပ်ထားတာတွေကို မကျေနပ်
ကြဘူး။ ဒါကတော့ တော်တော်လေးကို ခံစားနေကြတာပေါ့။ နောက်တချက်က
စားဝတ်နေရေးကလည်း မပြေလည်ကြဘူး။ ဒီအပေါ်တွေမှာ သူတို့က သိပ်ပြီး မကျေ
လည်ကြဘူး။ ဒီဟာက သူတို့အတွက် ဒီမကျေလည်မှုတွေကို ပြန်တုံ့ပြန်ဖို့ အခွင့်ကောင်း
တခုလို့ သူတို့က ယူဆကြတာပေါ့။ ဒါကြောင့် သူတို့ကတော့ ကန့်ကွက်မဲထည့်ကြမယ်
ဆိုပြီး စိုင်းပြင်းနေကြတယ်။”
ဘားအံမြို့ခံတဦး ပြောပြသွားတာပါ။
အခုလို ကရင်ပြည်နယ်တင်မကဘဲ မြန်မာတနိုင်ငံလုံးက မြို့ပြနဲ့ဝေးတဲ့ ကျေးလက်
ဒေသတွေမှာ ကြိုတင်မဲတွေ ပေးနေရသလို အစိုးရဌာနတချို့နဲ့ စက်ရုံ၊ အလုပ်ရုံတွေ
မှာလည်း ကြိုတင်မဲတွေ ပေးနေရတယ်လို့ သိရပါတယ်။ မြို့နယ်၊ ရပ်ကွက်တွေအတွင်း
မှာလည်း ခရီးသွားမယ့်လူရှိရင် မဲကို ကြိုပေးခဲ့ကြဖို့ ရပ်ကွက်လူကြီးတွေက အကြောင်းကြားနေတယ်လို့လည်း ပြောပါတယ်။
အခုလို ကြိုတင်မဲတွေရဲ့ သဘောထားအမှန်တွေအပေါ် မြန်မာစစ်အစိုးရက စာရင်းမှန် ထုတ်မပြောမှာတွေ၊ ဖွဲ့စည်းပုံမူကြမ်းကို အတည်ဖြစ်စေဖို့အတွက် နိုင်ငံထဲမှာ စစ်အစိုး
ရက အတင်းဖိအားပေး လုပ်ဆောင်နေတဲ့အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ပြစ်တင် ရှုတ်ချနေကြပါတယ်။