သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ NLD ခေါင်းဆောင်များ မဲပေးခွင့်ရှိသူ အမည်စာရင်းထဲပါဝင်


ဒီနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးက မြို့နယ်အတွင်း မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းကို ကပ်ထားတာမှာ လာမယ့် မေလ ၁၀ရက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် လူထု ဆန္ဒခံယူပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ဟာ အဲဒီ မဲပေးခွင့်ရှိသူ စာရင်းမှာ ပါရှိခဲ့ပါတယ်။ အလားတူပဲ ကမာရွက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက မဲပေး ခွင့်ရှိသူ စာရင်းမှာလည်း NLDဒုဥက္ကဌ ဦးတင်ဦးရဲ့ အမည်ပါရှိပါတယ်။ အရေးပေါ် အက်ဥပဒေအရ တရားရုံး မတင်ဘဲ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒခံပွဲမှာ မဲပေးခွင့် ရရှိဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့လက ကြေညာထုတ်ပြန်ပြီး တောင်းဆိုထားခဲ့ပါတယ်။

အရေးပေါ် အက်ဥပဒေအရ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာလည်း စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရပါတယ်။ လူထု ဆန္ဒခံယူပွဲမှာ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့်ကွက်မဲ ပေးကြဖို့ မြန်မာနိုင်ငံ ပြည်သူလူထု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းနိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG