သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်အမျိုးသမီးသတင်း ထောက်အသတ်ခံရ


အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့မှာ သေနတ်သမားတွေဟာ အီရတ် သတင်းစာ ဆရာမတဦးကို ကားထဲက ဆွဲထုတ်ပြီး ပစ်သတ်လိုက်တယ်လို့ အီရတ်ရဲက ပြောကြားပါတယ်။ တနင်္ဂနွေနေ့က ဆယ်ဝါ အပ်ဘူ ဝါဟတ် ဟာ သူ့အလုပ်ကို သွားနေစဉ် သေနတ်သမားတို့က ကားထဲက အတင်းဆွဲချပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ရဲပြောပါတယ်။

မိုဆူးလ်မြို့ဟာ သတင်းစာဆရာတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ မြို့တမြို့ ဖြစ်နေတာ ပုံမှန်လို ဖြစ်နေပါတယ်။ ၂၀၀၃ခုက အမေရိကန် ဦးဆောင်ပြီးအီရတ်ကို ဝင်ရောက် သိမ်းပိုက်ပြီးတဲ့ နောက် ပိုင်းမှာ မိုဆူးလ်မြို့ဟာ သတင်းစာဆရာတွေအတွက် အန္တရာယ် အရှိဆုံး မြို့ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းစာ ဆရာများ ကာကွယ် စောင့်ရှောက်ပေးတဲ့ ကော်မတီက ပြောပါတယ်။

ဒီအတောအတွင်း မှာ အီရတ်သမ္မတ ဂျာလာ တာလာဗာနီရဲ့ ဇနီး ဟီရိုအီဗရာဟင် အာမတ် စီးနင်း လိုက်ပါတဲ့ ယာဉ်ပါရှိတဲ့ ယာဉ်တန်း ဗုံးဖောက်ခွဲခံရကြောင်း ဒါပေမဲ့ ဟီရိုအီဗရာဟင်အာမတ်ကတော့ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိဘဲ သူမ သက်တော်စောင့် လေးဦးသာ ဒဏ်ရာရရှိခဲ့တဲ့အကြောင်း အီရတ် မီဒီယာသတင်းက ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG