သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆက်အသွယ် ပြတ်တောက်မှုကြောင့် လေဘေးကယ်ဆယ်ရေး နှောင့်နှေးနေ


မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံလိုက်ရတဲ့
ဒေသတွေမှာ ကုလသမဂ္ဂက ကူညီ
ထောက်ပံ့ရေးလုပ်ငန်းတွေ စတင်နေပါ
ပြီ။ ဒါပေမယ့် လမ်းတွေပျက်စီးတာ၊ ရေ
လွှမ်းမိုးဆဲ ရှိနေသေးတာတွေကြောင့် လိုအပ်တဲ့ဒေသတွေဆီ လိုအပ်တဲ့ပစ္စည်း
တွေ ရောက်ဖို့ရာကတော့ အခက်အခဲ
တွေ့နေရပါတယ်။ ဒီအခြေအနေတွေကို
ကုလသမဂ္ဂရဲ့ ဘန်ကောက်အခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ
ပေးရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ
ရစ်ချတ်ဟော်ဆေး (Richard Horsey) ကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်ကျော်သိန်း
က သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂနဲ့ တခြား အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ မုန်တိုင်းဒဏ်သင့်ဒေသ
တွေမှာ အကူအညီပေးရေးလုပ်ငန်းတွေကို စပြီးလုပ်ဆောင်နေပြီလို့ မစ္စတာ ရစ်ချတ်
ဟော်ဆေးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေမှာ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက တိုင်းတာစစ်ဆေးရေးအဖွဲ့တွေ ရောက်နေပါပြီ။ အထောက်အပံ့ပစ္စည်းတွေကို သူတို့ စပြီးပေးပို့နေပါပြီ။ ဒီအဆင့်မှာ အရေးပေါ်လိုအပ်နေတဲ့ ဦးစားပေးပစ္စည်းတွေကို သူတို့
အာရုံစိုက် ပေးပို့နေတာပါ။ အဲဒီပစ္စည်းတွေကတော့ နေထိုင်စရာနဲ့ ရေကိုသန့်အောင်
လုပ်ပေးတဲ့ ဆေးပြားတွေပါပဲ။ အဲဒါမှလည်း လူတွေအနေနဲ့ ရေကို ဘေးကင်းကင်း သောက်နိုင်ကြမှာပါ။ အများကြီး ပိုလိုအပ်တာကတော့ သေချာပါတယ်။ ဒါပေမယ့်
ခုချိန်မှာရှိနေတဲ့ အခက်အခဲက ဝေးလံခေါင်သီတဲ့ ဒေသတွေဆီကို အထောက်အပံ့
ပစ္စည်းတွေ လုံလုံလောက်လောက် ပို့ပေးနိုင်ဖို့ပါပဲ။” လို့ မစ္စတာ ရစ်ချတ်ဟော်ဆေးက ပြောခဲ့ပါတယ်။

အကူအညီပေးတဲ့အဖွဲ့တွေကို အာဏာပိုင်တွေဘက်ကနေ ကန့်သတ်တာမျိုးတွေတော့
မရှိဘူးလို့ သူကပြောပါတယ်။ အခုချိန်မှာ အားလုံးရင်ဆိုင်နေရတာကတော့ ထောက်ပံ့
ရေးနဲ့ ပို့ဆောင်ရေး အခက်အခဲတွေပဲ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ရေလွှမ်းမိုးတာ၊ လမ်းတွေပျက်စီးတာတွေကြောင့် ထိခိုက်တဲ့ဒေသတွေကိုရောက်ဖို့ ခက်ခဲတဲ့ပြဿနာကို ဒီ အကူအညီပေးအဖွဲ့တွေ ရင်ဆိုင်နေကြရပါတယ်။ ရေလွှမ်းမိုး
တဲ့ ဒေသတွေ၊ ပျက်စီးတဲ့ဒေသတွေကို ဂြိုဟ်တုကနေရိုက်ထားတဲ့ အင်မတန်ရှင်းလင်း
တဲ့ပုံတွေ သူတို့ရထားပြီးပါပြီလို့လည်း မစ္စတာ ရစ်ချတ်ဟော်ဆေးက ပြောပါတယ်။

“မြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ် အနောက်ပိုင်းဒေသတွေက
စတုရန်း ကီလိုမီတာ ထောင်ပေါင်းများစွာ အကျယ်အဝန်းရှိတဲ့နေရာတွေမှာ မနေ့က
ထိကိုပဲ ရေလွှမ်းမိုးနေတုန်းပါ။ ဒီပမာဏဟာ အဲဒီဒေသတွေရဲ့ အတော့်ကိုကြီးမားတဲ့
အကျယ်အဝန်းပါပဲ။” လို့ ရေလွှမ်းမိုးနေဆဲ ဒေသတွေနဲ့ပတ်သက်ပြီး မစ္စတာ ရစ်ချတ်
ဟော်ဆေးက ရှင်းပြခဲ့ပါတယ်။

အပြင်းထန်ဆုံး ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသကတော့ မြစ်ဝကျွန်းပေါ်ဒေသ အနောက် တောင်ပိုင်းဖြစ်ပါတယ်။ မုန်တိုင်းဟာ အဲဒီနေရာကနေ အပြင်းထန်ဆုံးအားနဲ့ စပြီး
ဝင်ရောက်ခဲ့တာကြောင့်လည်း အထိနာခဲ့ရတာပါ။ ဒါ့ကြောင့်လည်း အဲဒီဒေသထဲမှာ
ရှိနေတဲ့ လပွတ္တာမြို့နဲ့ ဘိုကလေးမြို့ နှစ်မြို့စလုံးဟာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး
ခံစားခဲ့ရပြီး လူအသေအပျောက်အများအပြားရှိခဲ့၊ အကြီးအကျယ် ပျက်စီးခဲ့ရသလို
အဲဒီမြို့တွေက နေရာအများစုဟာ ရေလွှမ်းမိုးခံထားရဆဲပါပဲလို့လည်း မစ္စတာ ရစ်ချတ်
ဟော်ဆေးက ပြောပြခဲ့ပါတယ်။

ရေသန့်အောင်လုပ်တဲ့ ဆေးပြားတွေအပါအဝင် အထောက်အပံ့ပစ္စည်းတွေ ပေးဝေ
တာတချို့ စနေပြီဖြစ်ပေမယ့် သွားလာရေးခက်ခဲတာကြောင့် ဝေးလံခေါင်သီတဲ့ဒေသ
တွေကို ရောက်ဖို့ရာဟာ အရမ်းကို အခက်အခဲတွေ့နေကြရတာပါ။

ဒီဖြစ်ရပ်ဟာ အင်မတန်ကိုကြီးမားတဲ့ သဘာဝဘေးဒုက္ခကြီးဖြစ်တာကြောင့် ဒဏ်ခံရတဲ့ ဒေသတွေအားလုံးကို ကူညီနိုင်ဖို့ရာ အချိန်အတိုင်းအတာတခုထိ ကြာပါလိမ့်မယ်လို့
မစ္စတာ ရစ်ချတ်ဟော်ဆေးက ပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂက အကူအညီပေးနိုင်မှု အတိုင်းအတာပေါ်မှာ မစ္စတာ ရစ်ချတ်ဟော်ဆေး
က အကောင်းမြင်ပေမယ့် ဒါဟာ ကြီးမားတဲ့စိန်ခေါ်မှုတခု ဖြစ်တယ်ဆိုတာကိုတော့ လက်ခံပြောဆိုခဲ့ပါတယ်။

“အခုလိုပုံစံ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ အများ
အပြား ပေးပို့ဖို့ရာဟာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီဒေသတွေ အကုန်လုံးကို
ရောက်ဖို့က အင်မတန်ခက်ခဲပါတယ်။ လိုအပ်တဲ့ထောက်ပံ့မှုတွေ ဖြစ်နိုင်သမျှ အမြန်
ဆုံးပေးနိုင်ဖို့ ကျနော်တို့ အရှိန်မြှင့်လုပ်နေပါတယ်။ ဒါပေမယ့် ရင်ဆိုင်ရမယ့် စိန်ခေါ်မှု
တွေကိုတော့ ကျနော်တို့ လျှော့မတွက်သင့်ပါဘူး။” ဆိုပြီး မစ္စတာ ရစ်ချတ်ဟော်ဆေး
က ပြောခဲ့ပါတယ်။

အခုရင်ဆိုင်နေရတဲ့ ပြဿနာဟာ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ အလုံ
အလောက်မရတဲ့ ကိစ္စမဟုတ်ဘဲ လိုအပ်နေတဲ့လူတွေဆီကို သူတို့လိုတဲ့ပစ္စည်းတွေ အရောက်ပေးပို့နိုင်ရေးကိစ္စ ဖြစ်နေပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (OCHA) က သဘာ၀
ဘေးအန္တရာယ် ကျရောက်မှုအပေါ် တုံ့ပြန်လုပ်ဆောင်ရေးအဖွဲ့ဟာ လက်ရှိ
ဘန်ကောက်မြို့မှာ ပြင်ဆင်နေကြပြီဖြစ်ပြီး မြန်မာနိုင်ငံထဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်မှာဖြစ်ကြောင်း မစ္စတာ ရစ်ချတ်ဟော်ဆေးက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG