သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒဏ်ခံမြန်မာနိုင်ငံအတွက် နိုင်ငံတကာအကူအညီများ ပေးပို့မည်


မြန်မာနိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ နာဂရစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေကြေပျက်ဆီးမှု့စာရင်းတွေကို မြန်မာစစ်အစိုးရ တိတိကျကျထုတ်ပြန်ပေးနိုင်စွမ်း မရှိသေးပေမဲ့ လက်ရှိမြင်တွေ့နေရတဲ့ အခြေအနေအရ ဆိုးဝါးတဲ့ ကပ်ဘေးဒုက္ခကြီးတခု ဖြစ်တယ်ဆိုတာ သေချာနေတာမို့ အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂနဲ့နိုင်ငံတကာက အမြန်ဆုံးကူညီဘို့ စိုင်းပြင်းနေကြရပါပြီ။

ကပ်ဘေးဒုက္ခသင့်နေသူတွေဆီကို သောက်သုံးရေသန့်၊ အရေးပေါ်ဆေးဝါး စားနပ်ရိက္ခာ အကူအညီနဲ့ယာယီခိုလှုံစရာ နေရာပေးနိုင်ရေးဟာ အဓိကဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း ဌာနမှုး ဦးသန်းလွင်ထွန်း က အခုလို သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG